အမြင်အာရုံကို သဘာဝနည်းဖြင့်မြှင့်တင်ခြင်း 

Posted_Date

Image

အမြင်အာရုံကို သဘာဝနည်းဖြင့်မြှင့်တင်ခြင်း 

Body

အမြင်အာရုံအားနည်းခြင်းဆိုသည်မှာ မျက်မှန်၊ မျက်ကပ်မှန်၊ ဆေးသို့မဟုတ် ခွဲစိတ်မှုတို့ဖြင့် အပြည့်အဝမပြုပြင်နိုင်သည့် သိသာထင်ရှားသော အမြင်အာရုံချို့ယွင်းမှုကိုဖော်ပြသည့်အသုံးအနှုန်းဖြစ်သည်။

အမြင်အာရုံအားနည်းခြင်းသည် နေ့စဉ်လူမှုဘဝအတွင်း သိသိသာသာအမြင်အာရုံချို့ယွင်းမှုတစ်ခုဖြစ်သည်။  မျက်မှန် သို့မဟုတ် မျက်ကပ်မှန်များဖြင့်ပင်   မြင်ရန်ခက်ခဲစေနိုင်သည်။ လုံးဝမျက်စိခွဲစိတ်ခြင်းနှင့်မတူဘဲအမြင်အာရုံအားနည်းသူများတွင်    အသုံးဝင်သည့်အမြင်ရှိနေဆဲဖြစ်သည်။ 

အမြင်အာရုံအားနည်းသောအမျိုးအစားများစွာရှိပြီးတစ်ခုချင်းစီတွင်၎င်း၏ကိုယ်ပိုင်စိန်ခေါ်မှုများရှိကြသည်။ဗဟိုအမြင်ဆုံးရှုံးမှုသည် အမြင်အာရုံ၏အလယ် ဗဟိုတွင် မြင်ရခက်ခြင်း၊ မကြာခဏ မက်ကူလာ (Macular) ယိုယွင်းခြင်းကြောင့်ဖြစ်တတ်သည်။

အနားသတ်မြင်မှုဆုံးရှုံးခြင်းသည်ရေတိမ်ကဲ့သို့အခြေအနေများတွင်အဖြစ်များသော ဘေးဘက်ရှိအရာဝတ္ထုများကို မြင်နေရသည့်ပြဿနာဖြစ်သည်။အမြင်အာရုံမှုန်ဝါးခြင်းသည်  အာရုံစူးစိုက်မှုမှထွက်ပေါ်လာသော ကြောင့်ဖြစ်နိုင်သည်။

ညဘက်မျက်စိကွယ်ခြင်းသည် အလင်းရောင်အားနည်းသော သို့မဟုတ်အမှောင်တွင်မြင်ရန်ခက်ခဲခြင်းဖြစ်သည်။အတွင်းတိမ်ကြောင့် အမြင်အာရုံတိမ်မြုပ်နေတတ်သည်။ အမြင်အာရုံအားနည်းစေတတ်သည်။

အသက်အရွယ်ကြီးခြင်း  (Age related macular Degeneration - AMD) သည်   သက်ကြီးရွယ်အိုများအကြား    အမြင်အာရုံနိမ့်ပါးခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။   စူးရှသောဗဟိုအမြင်အတွက်တာဝန်ရှိသော   မျက်လုံး၏အစိတ်အပိုင်းဖြစ်သည်။    Macular ကိုထိခိုက်စေပါသည်။ AMD  ဖြင့်မျဉ်းဖြောင့်များသည် လှိုင်းတွန့်များပေါ်လာနိုင်ပြီး ဗဟိုအမြင်သည် မှုန်ဝါးခြင်း သို့မဟုတ် ပျောက်ဆုံးသွားသည်။

ရေတိမ်မျက်စိဖိအားများကြောင့် မျက်စိအာရုံကြောကို  ထိခိုက်ပျက်စီးစေသည့်အခြေအနေအုပ်စုတစ်ခုဖြစ်သည်။    အနားသတ်အမြင်အာရုံဆုံးရှုံးမှုများကို မြင်ကွင်းအပြင်ဘက်တွင် မည်သည့်အရာကိုမျှမြင်နိုင်ရန်ခက်ခဲစေသည်။

ဆီးချိုရောဂါရှိသူများသည်    မြင်လွှာအတွင်းရှိ    သွေးကြောများကိုပျက်စီးစေသည့် Diabetes Ratiophy  ဖြစ်ပေါ်လာနိုင်သည်။  ၎င်းသည်အမြင်အာရုံဝေဝါးခြင်းနှင့် အမြင်အာရုံတွင် အမည်းစက်များဖြစ်ပေါ်စေနိုင်သည်။

မျက်စိအတွင်းတိမ်များသည် မျက်စိမှန်ဘီလူးကိုတိမ်ဝင်စေပြီး မှုန်ဝါးခြင်း သို့မဟုတ်  အမြင်အာရုံမှုန်ဝါးစေသည်။ အသက်အရွယ်ကြီးသူများတွင် အဖြစ်များသော်လည်း ခွဲစိတ်ကုသ၍မြင်နိုင်သည်။

အမြင်အာရုံအားနည်းခြင်းလက္ခဏာများမှာ     အသေးစိတ်ဖတ်ရန်သို့မဟုတ်   မြင်ရန်ခက်ခဲခြင်း၊  မျက်နှာများကိုမှတ်မိရန် အခက်အခဲရှိခြင်း၊  မှုန်ဝါးသောရူပါရုံရှိခြင်း၊  ညဘက်  သို့မဟုတ်  အလင်းရောင်နည်းသောနေရာတွင်    မြင်ရန်ခက်ခဲစေခြင်း၊  အမြင်အာရုံဆုံးရှုံးခြင်းတို့ဖြစ်သည်။

အမြင်အာရုံအားနည်းခြင်းဖော်ထုတ်ရာတွင်ကွန်ပျူတာဖြင့် စစ်ဆေးပေးခြင်း၊ အမြင်အာရုံဆုံးရှုံးမှုအတိုင်းအတာနှင့်နေ့စဉ်ဘဝအပေါ် ၎င်း၏အကျိုးသက်ရောက်မှုကိုဆုံးဖြတ်ရန် စမ်းသပ်ခြင်းများစွာပြုလုပ်နိုင်သည်။

ထို့ပြင်  အာဟာရပြည့်ဝသောအစားအစာများစားသုံးခြင်းကလည်းအမြင်အာရုံကို သဘာဝနည်းလမ်းဖြင့်မြှင့်တင်နိုင်သည်။

အဝါရောင်၊ လိမ္မော်ရောင်နှင့် အရောင်ရင့်အသီးအရွက်များဘီတာကယ်ရိုတင်းက အဝါ၊ လိမ္မော်ရောင်နှင့် အရောင်ရင့်အနီရောင်အသီးအရွက်များတွင်  အများဆုံးတွေ့ရသော   အပင်ထွက်အာဟာရတစ်မျိုးဖြစ်သည်။ ဗီတာမင်ဓာတ်ရှေ့ပြေးအဆင့်ဖြစ်ပြီး လူ့ခန္ဓာကိုယ်အတွင်းရောက်ရှိပါက ဗီတာမင်-A အဖြစ်ပြောင်းလဲသွားသည်။ဗီတာမင်-A က မျက်စိကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပြီး မျက်စိအတွင်းရှိ အဆိပ်အတောက်များကို  ဖယ်ရှားပေးကာမျက်စိညောင်းညာမှုကိုလျော့ပါးစေသည်။  ဗီတာမင်-A က အတွင်းတိမ်နှင့် အသက်အရွယ်ကြောင့် မက်ကူလာယိုယွင်းမှုဖြစ်နိုင်ခြေကို လျော့ကျစေသည်။ ဗီတာမင်-A က ညဘက်အမြင်အာရုံကိုကောင်းမွန်စေသည်။ 

ဗီတာမင်-A ချို့တဲ့ပါက ညဘက်မြင်လွှာကွယ်ခြင်း၊ ညဘက်အမြင်မကြည်လင်ခြင်းဖြစ်စေနိုင်သည်။ မုန်လာဥနီမှ ဘီတာကယ်ရိုတင်းရရှိနိုင်သည်။

ဘီတာကယ်ရိုတင်းကို   ပန်းရောင်ရှိ  ဂရိတ်ဖရုသီး၊  ဘလူးဘယ်ရီသီး၊ သခွားမွှေးသီး၊  ခရမ်းချဉ်သီး၊  အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှရရှိနိုင်သည်။

ငါးကြီးဆီ

ငါးကြီးဆီက   မိမိအမြင်အာရုံကိုခိုင်မာစေရန်  အထောက်အကူပြုသည်။  Johns Hopkins  တက္ကသိုလ်မှ သုတေသီများက တစ်ပတ်ကို   အနည်းဆုံးငါးကြီးဆီတစ်ကြိမ်စားသုံးခြင်းက အသက်အရွယ်ကြောင့်ဖြစ်သော  မက်ကူလာယိုယွင်းမှုဖြစ်ပွားနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ မက်ကူလာယိုယွင်းမှုက မြင်လွှာရှိ အာရုံဆဲလ်များယိုယွင်းပျက်စီးမှုဖြစ်စေသည်။

မြင်လွှာ၏အနောက်ဘက်တွင် သွေးကြောအသစ်များဖြစ်ပေါ်ခြင်းက   မျက်စိရောဂါနှင့်ဆက်စပ်နေတတ်သည်။   ထိုနူးညံ့သော သွေးကြော ပေါက်ကွဲခြင်းက   မက်ကူလာပျက်စီးစေသည်။   မက်ကူလာယိုယွင်းမှုကကမ္ဘာတစ်ဝန်းရှိ   သက်ကြီးရွယ်အိုများတွင်   မျက်စိအမြင်အာရုံဆုံးရှုံးရသည့်  အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။   ငါးကြီးဆီတွင်  ပါဝင်သော Omega-3 Fatty Acid က မျက်စိအမြင်အာရုံဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်သည်။

အမြင်အာရုံကောင်းမွန်သော အစားအစာများ

ကြက်သွန်ဖြူ၊  ကြက်သွန်နီတို့တွင် ဆာလဖာဓာတ်ကြွယ်ဝစွာပါဝင်ပြီး  မျက်စိအတွက်  အကျိုးဖြစ်စေသည်။  ဆာလဖာက  မျက်စိအမြင်ကောင်းမွန်ရန် အထောက်အကူပြုသည်။

ငါး၊   နို့နှင့်နို့ထွက်ပစ္စည်း၊ ကြက်သားနှင့်အနီရောင်အသီးအရွက်၊ခရမ်းချဉ်သီး၊ အဆီမပါသည့်အသား၊ အသည်းနှင့်ဂျုံကြမ်းများက အမြင်အာရုံကိုကောင်းမွန်စေသည်။ ထို့ပြင် အရောင်ရင့်သောအစိမ်းရောင်အရွက်များ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ရွှေဖရုံသီးနှင့်ကြက်ဥများ၌တွေ့ရသော အာဟာရဓာတ်များက အမြင်အာရုံကို မြင့်တက်စေသည်။

အများစုက မျက်စိမှုန်လျှင် မျက်မှန်တပ်ကြသည်။ မျက်စိပါဝါဖြစ်ရသည့် အဓိကအကြောင်းရင်းနှစ်ခုရှိသည်။ တစ်ခုမှာ  မျက်လုံးအိမ်၏ကန့်လန့်ဖြတ်အလျားကို Axial length ဟုခေါ်သည်။  မျက်ကြည်လွှာ၏ Curvature  ပေါ်မူတည်ကာ မျက်မှန်ပါဝါထွက်လာသည်။ Axial Length ကို  ပြောင်းလဲ၍မရနိုင်ပါ။ Curvature ကို ပြောင်းလဲ၍ရပါသည်။  Curva-ture ကို ပြောင်းလဲရန် လေဆာဖြင့်ဖြစ်စေ၊  ခွဲစိတ်၍ဖြစ်စေ  ပြောင်းလဲလိုက်ပါက  မျက်စိပါဝါကိုလျှော့ချနိုင်သည်။ လေဆာဖြင့် မျက်မှန်ပါဝါဖျောက်ခြင်း LASIK ရှိပါသည်။

ယခင်က ခွဲစိတ်မှုကို ရေဒီယယ်ကာရက်တိုမီ(Radial karatotomy)ဟုခေါ်သည်။  ခွဲစိတ်၍ရပါသည်။  LASIK တွင်  တိကျမှုမှာ ရာနှုန်းပြည့်ရှိသည်။ RK နှင့်နှိုင်းယှဉ်ကြည့်လျှင်  LASIK က RK ထက်  ပိုကောင်းသည်။ လေဆာဖြင့်ဖျောက်ရန် LASIK တိုင်းလိုက်သည့်အခါ မျက်ကြည်လွှာအထူ  ၂၅၀  မိုက်ခရိုမီတာအနည်းဆုံးကျန်ရမည်။  ထိုသို့မကျန်ပါက LASIK နည်းဖြင့် လုပ်၍မရနိုင်ပါ။

လေဆာနှင့်မျက်စိပါဝါဖျောက်နည်းကို အသက် ၂၀ ပြည့်ပြီး အသက်၃၈ နှစ်အောက်များကိုသာပြုလုပ်ပေးသည်။ 

မျက်စိပါဝါရှိသူတိုင်း LASIK နည်း  အသုံးပြုသင့်၊ မသင့်ဆိုသည်မှာလူနာပေါ်မူတည်သည်။ မျက်စိပါဝါဆိုသည်မှာ မျက်လုံးအိမ်၏ Axialနှင့် Curvature နှစ်ခုပေါ်တွင်  မူတည်သည်။ ဥပမာ-မျက်လုံးအတွင်းတိမ်ဖြစ်သည်၊  ရေတိမ်ဖြစ်သည်ဆိုလျှင် ကုသမှုခံယူရပါမည်။ မျက်မှန်တပ်သူတစ်ယောက်အနေဖြင့် လေဆာဖြင့် မျက်စိပါဝါဖျောက်သည်ဆိုသည်မရှိပါ။ လုပ်ငန်းခွင်အခြေအနေအရ မျက်မှန်တပ်မရခြင်းမျိုးတွင်လေဆာဖြင့် ပါဝါဖျောက်ခြင်း Luxury surgery အသုံးပြုကြသည်။

လေဆာပါဝါဖျောက်ခြင်းက ပြန်ဖြစ်နိုင်သည်။ မျက်စိပါဝါဖျောက်ခြင်းကို ၂၁-၃၈ နှစ် သတ်မှတ်ထားလျှင် မျက်လုံးအိမ်မပြောင်းသည့်အရွယ်Eye ball micrometer ကို စောင့်ခြင်းဖြစ်သည်။ လေဆာဖြင့် မျက်စိပါဝါဖျောက်သည်က ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေရှိသဖြင့်သက်ငယ်ပိုင်းနှင့် အသက်ကြီးပိုင်းတို့မပြုလုပ်သင့်ပါ။ ယခင်ထူသည့် မျက်ကြည်လွှာပါးသွားနိုင်သည်။

မျက်စိကိုထိခိုက်ဒဏ်ရာဖြစ်လာပါက ခံနိုင်ရည်ရှိချင်မှရှိပါမည်။

မျက်ကြည်လွှာကို  လွှာပြီးလုပ်ခြင်းကြောင့် LASIK လုပ်သူများတွင်မျက်ရည်ခန်းခြောက်ခြင်းဖြစ်နိုင်သည်။ မျက်ရည်ခန်းခြောက်ခြင်းအတွက်  မျက်ရည်တုထည့်၍ရသည်ဆိုသော်လည်း    မျက်လုံးအတွက်မျက်ရည်လိုအပ်သည်။

မျက်ရည်က မျက်စိကိုစိုစွတ်ရန်လုပ်ပေးသည်။ မျက်ရည်ခန်းခြောက်သွားပါက မျက်စိကပုံရိပ်ကိုမမြင်ရတော့ဘဲရှိနေတတ်သည်။ ထို့ကြောင့်LASIK လေဆာနှင့် ပါဝါဖျောက်ခြင်းလုပ်မည်ဆိုလျှင် ယခင်ထူနေသောမျက်ကြည်လွှာက ပါးလာသည်။   ထိုသို့ပါးသွားခြင်းကြောင့်ပါဝါမဖျောက်ခင် ထူသောမျက်ကြည်လွှာက ပါးသွားသည်။ ပါဝါမဖျောက်ခင်ချိန်ထက် မျက်စိကိုထိခိုက်ဒဏ်ရာဖြစ်လာပါက ခံနိုင်ရည်မရှိနိုင်ဖြစ်သည်။

ထို့ကြောင့်    လေဆာဖြင့်ပါဝါဖျောက်ခြင်း(LASIK) လုပ်သူများသည်မျက်ရည်ခန်းခြောက်ခြင်းဖြစ်နိုင်သည်။   မျက်ရည်ခန်းခြောက်သည့်အတွက်  မျက်ရည်အတုထည့်ရသည်ဆိုသော်လည်း မျက်လုံးအတွက် မျက်ရည်လိုအပ်သည်။  မျက်မှန်မတပ်လျှင်  ပြီးမည်မဟုတ်ပါ။ အလုပ်အကိုင်အတွက် အမှန်တကယ်လိုအပ်မှသာပြုလုပ်သင့်ပြီး မျက်စိဆရာဝန်များနှင့်တိုင်ပင်ကာ လိုအပ်မှသာ လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်းကိုပြုသင့်ကြောင်းအကြံပြုရေးသားလိုက်ရပါသည်။  

MWD