နွေရာသီနှင့် အရေပြားပြဿနာများ

Posted_Date

Image

နွေရာသီနှင့် အရေပြားပြဿနာများ

Body

နွေရာသီတွင်အပူရှိန်ကြောင့် ချွေးထွက် များပြီး    အသားအရေနေလောင်ခြင်း၊ ဝက်ခြံနှင့်မိတ်ထွက်ခြင်း၊     အရေပြားခြောက်သွေ့ယားယံခြင်း၊ မှိုပိုးဝင်ခြင်းများ အဖြစ်များသည်။ ထို့ကြောင့် နေပူထဲထွက် ပါက နေရောင်ခံခရင်မ်(Sunscreen)ကို ပုံမှန်လိမ်းခြင်း၊   ပွပွချောင်ချောင်အဝတ် အစားများဝတ်ဆင်ခြင်း၊      ရေများများ သောက်ခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ခြင်းဖြင့်    အရေပြားပြဿနာကို ကာကွယ်နိုင်သည်။ နွေရာသီတွင်ဖြစ်ပေါ်တတ်သည့် အရေ ပြားပြဿနာများစွာရှိသည်။

နေလောင်ခြင်း

နေရောင်ခြည်ကြောင့် အရေပြားနီမြန်း ခြင်း၊ အရည်ကြည်ဖုထွက်ခြင်းနှင့် အရေခွံ ကွာခြင်းတို့ဖြစ်သည်။

မိတ်ထွက်ခြင်း

ချွေးပေါက်များပိတ်ဆို့ကာ   ယားယံသော အဖုငယ်များထွက်ခြင်းဖြစ်သည်။

ဝက်ခြံ

ချွေး၊  အဆီ၊  ဖုန်မှုန့်များရောနှောကာ ချွေးပေါက်များပိတ်ဆို့၍  ဝက်ခြံထွက်ခြင်းဖြစ်သည်။

အရေပြားခြောက်သွေ့ယားယံခြင်း

လေအေးပေးစက်နှင့် နေရောင်ကြောင့် အရေပြားတွင်  အစိုဓာတ်ခန်းခြောက်ပြီး ယားယံခြင်းဖြစ်စေသည်။

မှိုပိုးဝင်ခြင်း

ချွေးစွတ်စိုမှုကြောင့် ဗိုင်းရပ်စ်နှင့် မှိုပိုး ဝင်ခြင်းဖြစ်စေသည်။နွေရာသီတွင် အရေပြားပြဿနာများ မှ ကင်းဝေးစေရန် အစိုဓာတ်ထိန်းခရင်မ် ကို  မိမိနှင့်အတူ သွားလေရာယူဆောင် သွားသင့်သည်။ လက်ဆေးပြီးသောအခါ သို့မဟုတ် မိမိအသားအရေခြောက်သွေ့ သည်ဟု ခံစားရသည့်အခါတိုင်း လိမ်းနိုင် သည်။ ရေကူးသူများအနေဖြင့် ရေကူးကန်ထဲမှ တက်ပြီးပြီးချင်း ချက်ချင်းရေချိုး၊  ခေါင်းလျှော်သင့်သည်။ ရေကူးအားကစားသမားများအတွက်ထုတ်ထားသော နူးညံ့ သည့် သန့်စင်သော Cleanser သို့မဟုတ် ရေချိုးဆပ်ပြာကို အသုံးပြုနိုင်သည်။

နွေရာသီတွင်      ရေရှားပါးလာသောကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သုံးရေ၊  ချိုးရေတို့   မလုံလောက်သောကြောင့်  အရေပြားပြဿနာဖြစ်လာနိုင် သည်။   ပူအိုက်ပြီး  ချွေးထွက်များကာ အရေပြားစွတ်စိုညစ်ပတ်သောကြောင့် မှို စွဲခြင်းနှင့် ယားယံသည့်အနာများဖြစ်လွယ် သည်။ ထို့ပြင် ပွေး၊ ဝဲ၊ ညှင်း  အရေပြား ရောဂါများဖြစ်နိုင်သည့်အပြင် ယားယံ၍ ကုတ်မိသောကြောင့်  အရေပြားပွန်းပဲ့၍ ပိုးဝင်ကာ  မွေးကျွတ်နာ၊  သွေးစုနာများ လည်းဖြစ်လေ့ရှိသည်။    အရေပြားနေ လောင်ခြင်း၊   မိတ်ထွက်ခြင်း၊    အနီစက် ပေါ်လာခြင်းနှင့်    ခရမ်းလွန်ရောင်ခြည်မြင့်မားသောကြောင့်   နောက်ပိုင်း၌   အရေပြားကင်ဆာရောဂါအထိ ဖြစ်စေနိုင် သည်။

အဆိုပါအရေပြားပြဿနာမှ ကာကွယ် ရန်   တစ်ကိုယ်ရေသန့်ရှင်းရေးကို    ဂရုတစိုက်လုပ်ဆောင်ရန်    လိုအပ်သည်။ ရေပုံမှန်ချိုးခြင်း၊ ရာသီဥတုပူပြင်းချိန်တွင်  မလိုအပ်ဘဲ နေပူထဲမထွက်ခြင်း၊ နေပူထဲ မဖြစ်မနေထွက်ရလျှင် ထီး၊ ဦးထုပ်ဆောင်း ခြင်း၊ ချည်သားပွပွချောင်ချောင်နှင့်  အပူ စုပ်ယူမှုနည်းသော     အရောင်ဖျော့ဖျော့ အဝတ်အစားများဝတ်ဆင်ခြင်းနှင့်   နေ ရောင်ခံခရင်မ်လိမ်းသင့်သည်။ နေရောင်ခံ ခရင်မ်မရနိုင်လျှင်  သနပ်ခါးလည်း လိမ်း နိုင်သည်။ တတ်နိုင်လျှင် နေကာမျက်မှန် တပ်ဆင်သင့်သည်။ ပွေး၊ ဝဲ၊ ညှင်းအရေပြား ရောဂါများသည် သက်ဆိုင်ရာဆေးဝါးများ သုံးစွဲခြင်းဖြင့် အလွယ်တကူ ပျောက်ကင်း နိုင်သည်။

ယခုကဲ့သို့ ပူပြင်းသောနွေရာသီတွင် အပူဒဏ်ကြောင့် အပူလျှပ်ခြင်းဖြစ်နိုင် သည်။ ခန္ဓာကိုယ်အပူချိန် ၄၀ ဒီဂရီစင်တီ ဂရိတ်(၁၀၄.F)အထက်တွင် အပူလျှပ် ခြင်းဖြစ်တတ်သည်။

အပူလျှပ်ခြင်းဖြစ်ပါက  ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူ မြန်ခြင်း၊ အရေပြားနီမြန်းခြင်း၊  စိတ်ရှုပ် ထွေးခြင်း၊    ကယောင်ကတမ်းဖြစ်ခြင်း၊ စကားမပီသခြင်း၊ သတိလစ်မေ့မြောခြင်းအထိဖြစ်နိုင်သည်။ အပူလျှပ်ခြင်းဖြစ်ပေါ် ပါက  လူနာ၏အရေပြားသည်   မီးကဲ့သို့ပူခြစ်ပြီး ချွေးလုံးဝမထွက်တော့ဘဲ အရေးပေါ်ကုသမှုခံယူရမည့်အခြေအနေဖြစ်ပြီးကုသမှုခံယူရန် နှောင့်နှေးပါက ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေကာအသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။

အပူချိန်လွန်ကဲသောအခြေအနေတွင် အဆောင်းအကာမပါဘဲ  အလုပ်လုပ်ကြ သူများ၊    နေပူထဲတွင်    အဝတ်အစား ထူထဲစွာဝတ်ဆင်ကြသူများ၊     အရက်အလွန်အကျွံသောက်သုံးသူများနှင့်  ချွေး ထွက်လွန်နေသော်လည်း အလုပ်ဇောနှင့် ရေဓာတ်ပြန်လည်ဖြည့်တင်းရန် (ရေ သောက်ရန်) မေ့လျော့နေသူများသည် အပူလျှပ်ခြင်းဖြစ်စေနိုင်သည်။     ရာသီဥတု အလွန်ပူပြင်းသောဒေသသို့   သွားရောက် မည်ဆိုပါက အပူဒဏ်နှင့်ဆက်စပ်သည့် ရောဂါများ  ပိုမိုဖြစ်ပွားနိုင်သည်။ အသက် အရွယ်ကြီးသူများနှင့် ကလေးသူငယ်များ သည် အပူချိန်ပြောင်းလဲမှုဒဏ်ကို ခံနိုင် ရည်နည်းသဖြင့်      အပူလျှပ်နိုင်ခြေပို၍ မြင့်မားသည်။  အဝလွန်သူများ၊ နာတာ ရှည်နှလုံး၊  အဆုတ်၊ ကျောက်ကပ်ရောဂါ ဝေဒနာခံစားနေရသူများနှင့် အပူလျှပ်ခြင်း ဖြစ်ဖူးထားသူများသည် အပူလျှပ်နိုင်ခြေ များသည်။ တချို့ သောဆေးဝါးများသည်     ခန္ဓာကိုယ်ရေဓာတ်ထိန်းသိမ်းမှုကို ထိခိုက် စေသည်။ စိတ်ရောဂါအတွက် သောက် သုံးသော ဆေးဝါးများ၊  ဆီးဆေးများနှင့်   သွေးကျဲဆေးများကို   ရာသီဥတုအလွန်ပူပြင်းသောအချိန်များတွင်     သတိထားသုံးစွဲသင့်သည်။

အပူလျှပ်ခြင်း ဖြစ်ပွားပါက  ဆေးရုံ၊ဆေးခန်းသို့  အလျင်အမြန်ပို့ဆောင်ကာ အရေးပေါ်ကုသမှု ခံယူသင့်သည်။  ဆေးရုံ သို့မရောက်မီ  လူနာအား အရိပ်ရသော နေရာ၊ လေအေးပေးစက်ရှိသောနေရာသို့ခေါ်ဆောင်ကာ   ထူထဲသောအဝတ် အစားများကို  ချွတ်ရမည်။ ရေအေးဖြင့် ရေချိုးပေးခြင်း၊ ရေဖတ်တိုက်ခြင်း၊  ရေခဲ ကပ်ခြင်းနှင့်  ရေစိုဝတ်ဖြင့် ခန္ဓာကိုယ်အနှံ့ ရေဖတ်တိုက်ပေးခြင်း    စသည်တို့ကို   ပြုလုပ်ရမည်။ ရေဓာတ်ပြန်လည်ဖြည့် တင်းရန်   ဓာတ်ဆားရည်တိုက်ပေးရမည်။

ဂက်စ်ပါသောအချိုရည်များ၊ အားဖြည့် အချိုရည်များသောက်သုံးခြင်းကို  ရှောင် ကြဉ်ရမည်။  အဆုတ်၊ နှလုံး၊  အသည်း၊ကျောက်ကပ်နှင့် ကြွက်သားများ ထိခိုက် ခြင်း  ရှိ၊မရှိသိနိုင်ရန်  သွေးစစ်ဆေးခြင်း၊ အသည်းစစ်ဆေးခြင်း၊ ကြွက်သားအင်ဇိုင်း များကို  တိုင်းတာစစ်ဆေးခြင်း၊   ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်းတို့   ပြုလုပ်သင့်သည်။

အပူလျှပ်ခြင်းသည်  လူနာ၏ခန္ဓာကိုယ် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နှင့်အထက် ဖြစ်ပါက   အဆုတ်၊   နှလုံး၊  အသည်း၊ ကျောက်ကပ်နှင့်ကြွက်သားများ ထိခိုက် နိုင်သဖြင့်  သေချာစောင့်ကြည့်ကာ ကုသမှုခံယူရမည်။ အပူလျှပ်ပြီး နာလန် ထခါစများတွင်လည်း  နေပူထဲ အဆောင်း အကာမပါဘဲသွားခြင်နှင့်  ပြင်းပြင်းထန်ထန်လှုပ်ရှားမှုများ(အလုပ်၊  အားကစား) ပြုလုပ်ခြင်းတို့ကို  ရှောင်ကြဉ်သင့်သည်။  ထို့ကြောင့် အပူချိန်မြင့်မားသောရာသီ တွင်  အပူလျှပ်ခြင်းအန္တရာယ်ကို  သတိမူ မိပြီး ဂရုတစိုက်နေထိုင်ခြင်းဖြင့် အပူလျှပ်ခြင်းအန္တရာယ်မှ    ကင်းဝေးစေမည်ဖြစ် ကြောင်း     အကြံပြုရေးသား လိုက်ရပါသည်။ MWD