လာအို၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတစ်ဝန်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွား
လာအို၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတစ်ဝန်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွား လာအိုနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဒေသတစ်ဝန်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွားကြောင်း၊ ထို့ပြင်နေအိမ်များ၊ လမ်းများနှင့် စိုက်ပျိုးမြေများစွာ ပျက်စီးကြောင်း၊ မိုးရွာသွန်းမှုသည် ဆက်လက် ဖြစ်ပွားဖွယ် ရှိသည့်အတွက် နောက်ထပ်ရေကြီးမှုများနှင့်ရင်ဆိုင်ရနိုင်ခြေရှိကြောင်း တာဝန်ရှိသူများက ဩဂုတ်လ ၂၉ ရက်တွင် သတိပေးထားသည်။ လာအိုနိုင်ငံအလယ်ပိုင်း ခမ်မူအမ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ကျေးရွာရှစ်ရွာတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားသည့်အတွက် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။ အလားတူ အပူပိုင်းမုန်တိုင်းငယ်တစ်ခုသည် လာအိုနိုင်ငံသို့ဦးတည်လာနေသည့်အတွက် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် သဘာဝဘေးများ ကျရောက်နိုင်ကြောင်း သိရသည်။ Ref: Xinhua MOI
