တိုကျို မတ် ၂၂ဂျပန်နိုင်ငံ၏ ဂန်မာစီရင်စုတွင် မတ် ၂၁ ရက်က တောမီးလောင်ကျွမ်းမှု ဖြစ်ပွားနေသဖြင့် တောမီးအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားကြောင်း ယနေ့သတင်းများအရ သိရသည်။ဂျပန်အသံလွှင့်ဌာန (NHK)၏ အဆိုအရ အဆိုပါ တောမီးသည် ဂန်မာစီရင်စုရှိ ယူအီနိုဒေသ တောအုပ်တစ်ခုတွင် ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံတစ်ဦးက ဂန်မာစီရင်စုရှိ ယူအီနိုဒေသ တောအုပ်မှ မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်လာသည်ကို မြင်တွေ့ခဲ့သဖြင့် မီးသတ်ဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးငြှိမ်းသတ်ရေး ရဟတ်ယာဉ်များကို အမြန်ဆုံး စေလွှတ်ငြှိမ်းသတ်ခဲ့သော်လည်း လေပြင်းတိုက်ခတ်မှုနှင့် ခြောက်သွေ့သောရာသီဥတု အခြေအနေများကြောင့် တောမီးသည် အလျင်အမြန် ပျံ့နှံ့ခဲ့ကြောင်း၊ တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံးသစ်တော ၁ ဒသမ ၅ ဟက်တာခန့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ဒေသအာဏာပိုင်များက တောမီးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားပြီး တောမီးလောင်ကျွမ်းနေသည့် ဒေသအနီးရှိလူနေအိမ်တချို့ကို တောမီးသတိပေးချက်များ ထုတ်ပြန်ထားပြီး လိုအပ်ပါက ရွှေ့ပြောင်းရေးအစီအစဉ်များ ပြုလုပ်နိုင်ရန်ပြင်ဆင်ထားသည်ဟု အာဏာပိုင်များက ပြောကြားထားကြောင်း သိရသည်။ရတနာပုံ
Mon, 23-Mar-2026