ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ အကောက်တဲကျေးရွာနေ စက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးချို(၅၈)နှစ် ၏ Viber အကောင့် ဖုန်းနံပါတ် ၀၉-xxxxxxx သို့ PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦးက Viber အကောင့် ဖုန်းနံပါတ် ၀၉-၇၆၇၅၉၃၃၉၈ ဖြင့် ဆက်ကြေးငွေတောင်းခံသည့် အကြောင်း ကြားစာများ ပေးပို့၍ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဖုန်းဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
