အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဆိုပါက ပြန်လည်တုံ့ပြန်မည်ဟု အီရန်ပြော၊ ကူဝိတ်တွင် တပ်စွဲထားသည့် အမေရိကန်၏ ဂြိုဟ်တုဆက်သွယ်ရေးနှင့် ခဲယမ်းတိုက်အား တိုက်ခိုက်
အမေရိကန်တပ်ဖွဲ့များက မိမိတို့၏အခြေခံအဆောက်အအုံများကို တိုက်ခိုက် မည်ဆိုပါက အီရန်အနေဖြင့် အလားတူ ထပ်တူထပ်မျှပြန်လည် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါအီက ပြောကြားလိုက်သည်။
ဘာဂါအီ၏ အဆိုပါပြောကြားချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့ပြင် အီရန်၏တုံ့ပြန်မှုများသည် မိမိတို့က လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကို တမင်တကာ မြှင့်တင်ခြင်းမျိုးမဟုတ်ဘဲ အမေရိကန်နှင့်အစ္စရေးတို့၏ တရားမဝင် ကျူးကျော်တိုက်ခိုက်မှုများအပေါ် အီရန် နိုင်ငံကလုပ်ဆောင်သည့် ခုခံကာကွယ်ရေး အစီအမံများ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ကြောင်း ဘာဂါအီက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အီရန်တပ်မတော်သည် ကူဝိတ်နိုင်ငံ ဘူဘီယန်ကျွန်းပေါ်တွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များ၏ ဂြိုဟ်တုဆက်သွယ်ရေးနှင့် ခဲယမ်းတိုက်အား တိုက်ခိုက်ခဲ့ကြောင်း အီရန်စစ်ဦးစီးချုပ်က ဧပြီလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
MWD
