အမေရိကန်က ခိုလှုံခွင့်တောင်းခံမှုများ အတွက် ဆုံးဖြတ်ချက်များကို ရပ်ဆိုင်းထားမည်
အမေရိကန်ပြည်ထောင်စုသည် နိုင်ငံအတွင်း ခိုလှုံခွင့်တောင်းခံမှုများအတွက် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက နိုဝင်ဘာလ ၂၈ ရက်တွင်ပြောသည်။ အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိသည့် အာဖဂန်နစ္စတန်နိုင်ငံသား တစ်ဦးကအိမ်ဖြူတော်အနီး၌ အမျိုးသားကာကွယ်ရေး အစောင့်တပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်မှုလုပ်ဆောင်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွှေ့ပြောင်းနေထိုင်သူများအပေါ် သဘောထားတင်းမာလာစဉ် အစိုးရတာဝန်ရှိသူများက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက အမေရိကန်စစ်သည်နှစ်ဦးကို တိုက်ခိုက်မှုသည် နိုဝင်ဘာလ ၂၆ရက်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ရရှိသည့်ဒဏ်ရာများဖြင့် ကွယ်လွန်သွားသည်။ ထို့နောက် သမ္မတ ဒေါ်နယ်ထရမ့်သည် တတိယနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံအတွင်း ဝင်ရောက်မှုမှ ရပ်ဆိုင်းထားမည်ဖြစ်သည်ဟု ကတိပြုထားသည်။
အလားတူ အမေရိကန်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူများအား ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းကိုလည်း ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက နိုဝင်ဘာလ ၂၈ ရက် တွင်ပြောသည်ဟု သိရသည်။
MWD
