ပန်းတနော်မြို့နယ်၌ ကန်စွန်းဥများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

News Image

  • ပန်းတနော်မြို့နယ်၌ ကန်စွန်းဥများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

ပန်းတနော် နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး     မအူပင်ခရိုင်  ပန်းတနော်မြို့နယ်၌   ဒေသထွက် ကန်စွန်းဥများ   ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ပန်းတနော်မြို့နယ်မှ လယ်ယာထွက် ကုန်ပစ္စည်းများ      ရောင်းဝယ်ရေးလုပ်ငန်း      လုပ်ကိုင်သူ ဒေါ်နီနီဝင်း၏ပြောပြချက် အရ သိရသည်။  

ပန်းတနော်မြို့နယ်၌  နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ လက်ရှိအချိန်ထိ ကန်စွန်းဥများ အရောင်းအဝယ်ကောင်း မွန်နေကြောင်း သိရသည်။

''ကန်စွန်းဥတွေက မြန်မာကန်စွန်းဥ နဲ့  ကိုရီးယားကန်စွန်းဥဆိုပြီး  အမျိုးအစားနှစ်မျိုး  အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒီဘက်ဒေသတွေမှာတော့ စားသုံး သူတွေက ကန်စွန်းဥအမျိုးအစား နှစ်မျိုးစလုံးကို      ကြိုက်တာတွေ့ရပါတယ်။ 

အခုလိုကန်စွန်းဥတွေ  အရောင်းအဝယ် ကောင်းမွန်နေတော့   စိုက်တဲ့တောင်သူ တွေ အဆင်ပြေသလို လယ်ယာလုပ်သားတွေလည်း    အဆင်ပြေလာကြတယ်။  ဒီနှစ်ကန်စွန်းဥ  ဈေးကောင်းရတာက  မနှစ်ကထက် ကန်စွန်းဥစိုက်သူတွေ နည်းသွားတာနဲ့   ဒေသဈေးကွက်အပြင် တခြားဒေသတွေကပါ အဝယ်လိုက် နေလို့ဖြစ်ပါတယ်''ဟု  ဒေါ်နီနီဝင်းကပြော သည်။  

အဆိုပါကန်စွန်းဥများကို ကန်စွန်းဥပြုတ်၊ ကန်စွန်းဥကြော်၊ ကန်စွန်းဥကိတ်မုန့် စသည့်မုန့်များ ပြုလုပ်ရောင်းချသူများက အဓိကဝယ်ယူနေခြင်းကြောင့် အရောင်းအဝယ် ကောင်းမွန်နေခြင်းဖြစ် ကြောင်း သိရသည်။

MWD