၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

News Image

  • ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့်   ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလ    စုပေါင်းလမ်းလျှောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရုံးအမှတ် (၃၁) ရှိ     စုပေါင်းအစည်းအဝေးခန်းမ၌   ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် National Fitness ဖြစ်သည့်    တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံး ဖြစ်စေရေး၊ တက်ကြွရွှင်လန်းစွာ   မိမိတို့တာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးကို ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်  ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် မီတာ (၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀)အပြေးပြိုင်ပွဲ၊ လွန်ဆွဲ(ကျား၊ မ)နှင့် ထုပ်ဆီးတိုး(မ) စသည့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ဝန်ကြီးဌာနများသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ Mass Sport ဖြစ်သည့် လူထုအားကစားလှုပ်ရှားမှု ဒီဇင်ဘာလမ်းလျှောက်ပွဲနှင့်   လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပွဲများတွင် စည်းစည်းရုံးရုံး ပါဝင်ဆင်နွှဲပေးကြရန်    တိုက်တွန်းပြောကြားသည်။

ထို့နောက်    တက်ရောက်လာကြသူများက ၂၀၂၆ ခုနှစ်   (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်း လမ်းလျှောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း   သတင်းရရှိသည်။ 

MWD