ဘရာဇီးဖိုက်တာပန်တိုဂျာကိုအလဲထိုးပြီး မြန်မာဖိုက်တာဂျော့ရှူအာဗန် UFC Flyweight ချန်ပီယံဖြစ်လာ
ရန်ကုန် ဒီဇင်ဘာ ၇
အမေရိကန်နိုင်ငံတွင် ယနေ့နံနက်ပိုင်းကကျင်းပသည့် UFC 323 ပြိုင်ပွဲ ဒုတိယခေါင်တွဲဆိုင်း၌ လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာနှင့် မြန်မာဖိုက်တာဂျော့ရှူအာဗန်တို့ ဖလိုင်းဝိတ်ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြရာ ဂျော့ရှူအာဗန်က အလဲထိုးအနိုင်ရရှိခဲ့သည့်အတွက် UFC Flyweight ချန်ပီယံဖြစ်လာသည်။
ပြိုင်ပွဲ၏ ပထမအချီအစပိုင်းတွင် နှစ်ဦးသားအကဲစမ်းထိုးသတ်ခဲ့ကြသည်။
ပန်တိုဂျာကပူးသတ်ဖို့ ကြိုးစားခဲ့သော်လည်း ဂျော့ရှူအာဗန်က လက်သီးတွဲလုံးများဖြင့် ဟန့်တားယှဉ်ပြိုင်ခဲ့သည်။ ပန်တိုဂျာ၏ ညာခြေ အမြင့်ကန်ချက်ပြန်အကျကို ဂျော့ရှူအာဗန်ကလှမ်းဆွဲခဲ့ရာ ညာခြေရုန်းအထွက်ပြန်အကျတွင် ပန်တိုဂျာဟန်ချက်ပျက်ပြီး ဘယ်လက်ထောက်လဲကျခဲ့၍ ဘယ်တံတောင်ဆစ်လွဲသွားရာ ဒိုင်က ဂျော့ရှူအာဗန်ကို အနိုင်ပေးလိုက်သည်။
ဂျော့ရှူအာဗန်သည် UFC တွင်ပထမဆုံးအကြိမ် ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ရရှိခဲ့ပြီး ချန်ပီယံခါးပတ်လေးကြိမ်တိုင် ကာကွယ်နိုင်ခဲ့သည့် ပန်တိုဂျာကို ယနေ့တွင်အနိုင်ရရှိကာ ချန်ပီယံခါးပတ်ကိုလက်လွှဲရယူနိုင်ခဲ့သူဖြစ်သည်။ ကမ္ဘာတစ်ဝန်းပရိသတ် အခိုင်အမာရှိသည့် UFC တွင် ပထမဆုံးအကြိမ်မြန်မာဖိုက်တာတစ်ဦး ချန်ပီယံဖြစ်လာခဲ့ပြီး UFC သမိုင်းတွင် ဒုတိယ အသက်အငယ်ဆုံး ချန်ပီယံနှင့် ပထမဆုံးသော အာရှတိုက်သားချန်ပီယံလည်း ဖြစ်လာခဲ့သည်။
အဆိုပါ UFC 323 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၄ ဆိုင်းပါဝင်ပြီး Early Preliminary Card တွင် တွဲဆိုင်း ငါးဆိုင်း၊ Preliminary Card တွင်
တွဲဆိုင်းလေးဆိုင်းနှင့် Main Card တွင် တွဲဆိုင်းငါးဆိုင်းပါဝင်ကာ ဘရာဇီးဖိုက်တာပန်တိုဂျာနှင့် မြန်မာဖိုက်တာဂျော့ရှူအာဗန်တို့က ဒုတိယခေါင်တွဲဆိုင်းအဖြစ် ဖလိုင်းဝိတ် ချန်ပီယံလုပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်း ဖြစ်သည်။
ဝန်းရံခ
MWD
