သုံးပွဲဆက်ပွဲထွက်ကစားခွင့် ပျောက်ဆုံးပြီးနောက် လီဗာပူးအသင်း၏ လုပ်ရပ်အပေါ် ဆာလက်ချ်ဝေဖန်ပြီး အသင်းမှ ထွက်ခွာရန်ပြင်ဆင်

News Image

  • သုံးပွဲဆက်ပွဲထွက်ကစားခွင့် ပျောက်ဆုံးပြီးနောက် လီဗာပူးအသင်း၏ လုပ်ရပ်အပေါ် ဆာလက်ချ်ဝေဖန်ပြီး အသင်းမှ ထွက်ခွာရန်ပြင်ဆင်

လန်ဒန်  ဒီဇင်ဘာ ၈

လီဗာပူးအသင်းတိုက်စစ်ကစားသမား     ဆာလက်ချ်က သုံးပွဲဆက်ပွဲထွက်ကစားခွင့်ပျောက်ဆုံးပြီး နောက်   အသင်း၏လုပ်ရပ်အပေါ် ဝေဖန်ပြီး   လာမည့်  ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင်  အသင်းမှထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရသည်။

ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ   လီဗာပူးအသင်းသို့      ပြောင်းရွှေ့ကစားပြီးနောက်  ဘောလုံးရာသီတိုင်းတွင်  အကောင်းဆုံးခြေစွမ်းပြ နိုင်ခဲ့ကာ  လီဗာပူးအသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်သည့်အပြင် တစ်ဦးချင်းဆုတံဆိပ်များကို လည်းရရှိကာ    မှတ်တမ်းကောင်းများစွာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်သည်။

သို့သော် ယခုဘောလုံးရာသီတွင် လီဗာပူးအသင်းအနေဖြင့် ရလဒ်မတည်မငြိမ်ဖြစ်ကာ ရုန်းကန်နေ ရချိန်တွင် ဆာလက်ချ်သည်လည်း   ခြေစွမ်းပြနိုင်ခြင်း မရှိသည့်အတွက်    နည်းပြဆလော့၏ပွဲထွက် ကစားသမားစာရင်းမှပင်   ချန်လှပ်ခံခဲ့ရခြင်းဖြစ်ပြီး နောက်ဆုံးကစားသည့် သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံး ခဲ့သည့်အပြင် လိဒ်အသင်းနှင့် လီဗာပူးအသင်းတို့ သရေရလဒ် ထွက်ပေါ်ခဲ့သည့်ပွဲစဉ်တွင်လည်း လူစားဝင်ကစားသမားအဖြစ်ပင် မကစားခဲ့ရခြင်းဖြစ်သည်။

ဆာလက်ချ်က"ကျွန်တော် အသင်းအပေါ် ကာလရှည်အကျိုးပြုခဲ့တာပါ။ အခုလို အသင်းရလဒ်ဆိုးနေချိန်မှာ ကျွန်တော့်ကိုချန်လှပ်ပြီး အသင်းရလဒ်ဆိုးနေတာကို  ကျွန်တော့်အပေါ်ပုံချတဲ့ အသင်းရဲ့လုပ်ရပ်က မျှတမှုမရှိပါဘူး။ ကျွန်‌တော် အရင်က အသင်း အပေါ် ဘယ်လောက်ပေးဆပ်ထားတာ အားလုံးသိပါ တယ်။   ကျွန်တော့်အနာဂတ်အတွက်   စဉ်းစားဖို့လို လာပါပြီ"ဟု ပြောသည်။

ဆာလက်ချ်သည် ပြီးခဲ့သည့် ကစားသမားအပြောင်းအရွှေ့ကာလကတည်းက  ဆော်ဒီထိပ်တန်းကလပ် အသင်းများနှင့်    သတင်းများထွက်ပေါ်ခဲ့ပြီး    ၎င်းကိုယ်တိုင်က  ဆော်ဒီပရိုလိဂ်ပြိုင်ပွဲထံ  ပြောင်းရွှေ့ ကစားရန်ကြိုးပမ်းခဲ့သော်လည်း    မအောင်မြင်ဘဲ လီဗာပူးအသင်းနှင့် နှစ်နှစ်သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ကာ ယခုအခါ  အသင်းနှင့်လည်း ဆက်ဆံရေး တင်းမာမှုများ ရှိလာပြီးနောက် လာမည့် ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဆော်ဒီပရို လိဂ်မှ  ထိပ်တန်းအသင်းတစ်သင်းထံ ပြောင်းရွှေ့ ဖွယ်ရှိကြောင်း သိရသည်။

Ref;Fabrizio Romano