ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားတွင် ၂၀၂၆ ခုနှစ် နှစ်ဦးတစ်ရက်နေ့၌ ဘုရားဖူးပြည်သူများနှင့် စည်ကား

News Image

  • ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားတွင် ၂၀၂၆ ခုနှစ် နှစ်ဦးတစ်ရက်နေ့၌ ဘုရားဖူးပြည်သူများနှင့် စည်ကား
  • ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားတွင် ၂၀၂၆ ခုနှစ် နှစ်ဦးတစ်ရက်နေ့၌ ဘုရားဖူးပြည်သူများနှင့် စည်ကား

ကျောက်ဆည် ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားကြီးတွင် ၂၀၂၆ ခုနှစ် နှစ်ဦးတစ်ရက်နေ့၌ ရပ်နီး/ ရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားလျက် ရှိကြောင်း သိရှိရသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမကြီး ဘေး သင်တောင်းကျေးရွာအနီးတွင် တည်ရှိကာ နေ့စဉ်ဘုရားဖူးပြည်သူများနှင့် အမြဲစည်ကားလျက်ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၊ အခါကြီး၊ ရက်ကြီးများတွင် ပို၍စည်ကားကြောင်း၊ ဘုရားဖူးပြည်သူများအနေဖြင့် အေးချမ်းစွာဘုရားဖူးကြပြီး အမှတ်တရပစ္စည်းရောင်းချသည့် ဈေးဆိုင်ခန်းများသို့ လှည့်လည်ပြီး ဈေးဝယ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများဖြင့် စည်ကားလျက်ရှိကြောင်းနှင့် ဂေါပကအဖွဲ့မှလည်း ဘုရားဖူးပြည်သူများ၏ လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး လုံခြုံရေးဝန်ထမ်းများ ထားရှိပေးထားကြောင်း ဆုတောင်းပြည့် ရွှေသိမ်တော်ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင် ဦးချစ်ညွန့်က ပြေပြသည်။ 

ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကို သက္ကရာဇ်(၃၉၅)ခုနှစ်တွင် ရှင်အရဟံရဟန္တာကိုယ်တိုင် သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ကြောင်းနှင့် သစ္စာအဓိဋ္ဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ တစ်နေ့တစ်ခြား စည်ကားလာကြောင်း ၊ မဟာ ရွှေသိမ်တော်ဘုရားကြီးသို့ ပြည်သူများ လာရောက်ဖူးမြော်လိုပါ အဆိုပါ ဘုရားကြီးသည် ကျောက်ဆည်မြို့ မြောက်ဘက် တစ်မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးကားလမ်းအနီး သင်တောင်းကြီးကျေးရွာတွင် တည်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)