၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ

News Image

  • ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၆

     နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်  ပညာရေးမှူးရုံး  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်   မြို့နယ်အဆင့်  ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းတွင် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌  ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းဖြင့်  အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ‌ဦးဇေနော်ဝင်းနှင့် မြို့နယ်ပညာရေးမှူး  ဦးဝင်းနိုင်တို့က  အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  အမှတ်(၂၅)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသူလေးများက   မောရှမ်းမြေအကအလှများဖြင့်  ဖျော်ဖြေတင်ဆက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်   အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ဆုရကျောင်းများအား ဆုများ‌ပေးအပ်သည်။

ဆက်လက်၍    မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက မြို့နယ်အဆင့် လူရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊  မြို့နယ်အဆင့် (အင်္ဂလိပ်စာစွမ်းရည်)ပြိုင်ပွဲ  ဆုရ ကျောင်းသား၊ ကျောင်းသူများ၊  မြို့နယ်အဆင့်(သင်္ချာစွမ်းရည်)ပြိုင်ပွဲ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  မြို့နယ်အဆင့် (စာစီစာကုံး၊ ကဗျာ) ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်သည်။

ယင်းနောက် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက ထာဝရ မြန်မာအကအလှများဖြင့်ဖျော်ဖြေကြပြီး  တာဝန်ရှိသူများက  ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  မြို့နယ်အဆင့်(စာစီစာကုံးနှင့်ကဗျာ) ပြိုင်ပွဲများတွင်  ဆုရကျောင်းသား၊  ကျောင်းသူများ၊ ကမ္ဘာ့ခုခံအားကျဆင်းမှု  ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် (စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ) ပြိုင်ပွဲ ဆုရ  ကျောင်းသား၊   ကျောင်းသူများ၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်(မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသား၊  ကျောင်းသူများ၊ National ICT Awards-2025 (3) ကျောင်း‌သား၊ ကျောင်းသူများနှင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲ (မြို့နယ်လက်ရွေးစင်) ဆုရ ကျောင်းသား၊  ကျောင်းသူများအား ဆုများ‌ပေးအပ်ကြောင်း သိရသည်။ 

MWD