တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်၊ မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်
နေပြည်တော် ဇန်နဝါရီ ၂၀
တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား ဇန်နဝါရီ ၁၉ ရက်နေ့တွင် အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယနေ့မှစ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်သွားလာနိုင်ပြီဖြစ်၍ ဒေသတွင်းကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စွာဖြင့် ပုံမှန်အတိုင်းဆောင်ရွက်နိုင်ပြီဖြစ်သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/79274
MM-News-Category
