အီဟန် အိုမာ တိုက်ခိုက်ခံရသည့် ဗီဒီယိုကို ထရမ့်က လျစ်လျူရှုပြီး သူမသည် လူလိမ်တစ်ယောက်သာဖြစ်သည်ဟု ပြောကြား

News Image

  • အီဟန် အိုမာ တိုက်ခိုက်ခံရသည့် ဗီဒီယိုကို ထရမ့်က လျစ်လျူရှုပြီး သူမသည် လူလိမ်တစ်ယောက်သာဖြစ်သည်ဟု ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့်သည် အမတ် အီဟန် အိုမာ (Ilhan Omar) လူထုတွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားနေစဉ် တိုက်ခိုက်ခံရပြီး အမည်မသိ အရည်တစ်မျိုးဖြင့် အပက်ခံရသည့် ဗီဒီယိုနှင့် ပတ်သက်၍ ABC News ၏ မေးမြန်းမှုများကို ဇန်နဝါရီ ၂၇ ညတွင် ပယ်ချလိုက်ပြီး အဆိုပါ ရုပ်သံဖိုင်ကို ကြည့်ရှုရန်စိတ်ဝင်စားမှုမရှိကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဗီဒီယိုကို ကြည့်ရှုပြီးပြီလားဟု မေးမြန်းရာတွင် ထရမ့်က “မကြည့်ရသေးပါဘူး ၊ ကျွန်တော် သူမအကြောင်းကို မတွေးဘူး ၊ သူမ သည် လူလိမ်တစ်ယောက်ဟု ထင်ပါသည် ၊ ထိုကိစ္စကို ကျွန်တော် တကယ်မတွေးပါ ၊ သူမ၏ အကျင့်အတိုင်းဆိုလျှင် ယင်းက ၎င်းကိုယ်တိုင် ပက်ခိုင်းခြင်းလည်း ဖြစ်နိုင်တာပဲ” ဟု ABC News သို့ ဖြေကြားခဲ့သည်။

ဗီဒီယို ကြည့်၊ မကြည့် ထပ်မံမေးမြန်းမှုကိုလည်း ထရမ့်က “မကြည့်ရသေးပါဘူး ၊ မကြည့်ပါဘူး ၊ ထို့အတွက် အလုပ်ရှုပ်မခံရဖို့ပဲ မျှော်လင့်ပါသည်” ဟု ဆိုသည်။

မင်နီဆိုးတားပြည်နယ် ကိုယ်စားပြုအမတ်ဖြစ်သူ အိုမာသည် ဆိုမာလီ ဒုက္ခသည်တစ်ဦးဖြစ်ပြီး ထရမ့်၏ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ကို ခံရသူဖြစ်သည်။ မကြာသေးမီကလည်း ထရမ့်က သူမအား "အမှိုက်" ဟု ခေါ်ဆိုခဲ့ပြီး ဆိုမာလီလူမျိုးများသည် ၎င်းတို့လာရာအရပ်သို့ ပြန်သွား သင့်ကြောင်း ပြောကြားခဲ့ဖူးသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)