တိုက်ခိုက်ရေးစွမ်းရည်ကိုမြှင့်တင်ပေးမယ့် အဝေးပစ်တိကျတိုက်ခိုက်ရေး Red Wolf ယာဉ်များ

News Image

  • တိုက်ခိုက်ရေးစွမ်းရည်ကိုမြှင့်တင်ပေးမယ့် အဝေးပစ်တိကျတိုက်ခိုက်ရေး Red Wolf ယာဉ်များ

အမေရိကန်မရိန်းတပ်ဖွဲ့ရဲ့ တိကျတိုက်ခိုက်ရေးလက်နက်စနစ် အစီအစဉ်အတွက် Red Wolf လို့ခေါ်တဲ့ ယာဉ်တွေကို ထုတ်လုပ်စမ်းသပ်ဖို့ L3Harris နည်းပညာကုမ္ပဏီကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဒီ Red Wolf စနစ်ဟာ ခေတ်သစ်စစ်ပွဲမှာ လိုအပ်နေတဲ့ အဝေးပစ် တိကျတိုက်ခိုက်နိုင်စွမ်းကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။

အခုနောက်ပိုင်းစစ်ပွဲတွေမှာ ဒရုန်းတွေကို အလုံးအရင်းနဲ့ သုံးလာကြတာကြောင့် ကုန်ကျစရိတ်ကြီးမားတဲ့ လက်နက်ကြီးတွေ နေရာမှာ စရိတ်သက်သာပြီး ထိရောက်တဲ့ အစားထိုးလက်နက်တွေ လိုအပ်နေတာပါ။ Red Wolf ဟာ ဝေဟင်၊ မြေပြင်နဲ့ ရေပြင် ပလက်ဖောင်းအမျိုးမျိုးကနေ အလွယ်တကူ ပစ်လွှတ်နိုင်ပြီး ရန်သူကို အဝေးကနေ အုပ်စုလိုက် ပူးပေါင်းတိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

L3Harris ကုမ္ပဏီရဲ့ အဆိုအရ Red Wolf ဟာ ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်ရုံတင်မကဘဲ အီလက်ထရွန်နစ်စစ်ဆင်ရေး၊ ပစ်မှတ်ခြေရာခံခြင်းနဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာပါ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ဒီစနစ်ကို အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ AH-1Z Viper ရဟတ်ယာဉ်ကနေ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်လို့ နောင်တစ်ချိန်အတွက် အလားအလာကောင်းတွေ ရှိနေပါတယ်။ 

Ref: IE

ကိုထက်

MWD