မြစ်သား၊ စဉ့်ကိုင်မြို့နယ်နှင့် ပလိပ်၊ ကူမဲမြို့နယ်ခွဲတို့၌ စားအုန်းဆီ တစ်ပိဿာ ငွေ ၇၂၅၀ ကျပ်ဖြင့် စားအုန်းဆီ ၄၀၈၄ ပိဿာရောင်းချပေး
ကျောက်ဆည် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သား၊ စဉ့်ကိုင်မြို့နယ်များနှင့် ပလိပ်၊ကူမဲ မြို့နယ်ခွဲတို့၌ စားအုန်းဆီတစ်ပိဿာငွေ ၇၂၅၀ ကျပ်ဖြင့် စားအုန်းဆီ ၃၅၇၆ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
ထိုသို့ရောင်းချရာ၌ မြစ်သားမြို့နယ်တွင် ဒေါ်ဇာဇာအေး(ဒေါ်ဇာ) ဆီအရောင်းဆိုင်မှ ရွှေသူဌေးရပ်ကွက်ပြည်သူ များအတွက် ၈၆၄ ပိဿာ၊ စဉ့်ကိုင်မြို့နယ်တွင် ဦးစိုးမောင်(အောင်စိုးမိုးဦး)၊ ဦးကျော်ထွန်း(ဒေါ်လာ) ဆီအရောင်းဆိုင် များမှ မင်းတပ်၊ ကြက်မျှား၊ ပေါက် ကျေးရွာ ပြည်သူများအတွက် ၁၁၀၀ ပိဿာ၊ ကန်အောက် ကျေးရွာ ပြည်သူများ အတွက် ၉၉၀ ပိဿာ၊ ပလိပ်မြို့နယ်ခွဲတွင် ဦးကျော်ဆွေ(ငွေပင်လယ်)ဆီအရောင်းဆိုင်မှ ဝန်ထမ်းကွက်သစ်၊ ဈေးသစ် ရပ်ကွက်နှင့်မြောင်းပေါင် ပြည်သူများအတွက် ၉၉၀ ပိဿာ၊ ကူမဲမြို့နယ်ခွဲတွင် ဦးစိုင်းဝဏ္ဏ(ရှယ်လီဌေး) ဆီအရောင်း ဆိုင်မှ အောင်ချမ်းသာကျေးရွာ ပြည်သူများအတွက် ၁၄၀ ပိဿာ စုစုပေါင်း စားအုန်းဆီ ၄၀၈၄ ပိဿာ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)
