ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်မှ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေး

News Image

  • ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်မှ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေး

ပဲခူး ဖေဖော်ဝါရီ ၂၄

    ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့   ခုတင် - ၅၀၀ဆံ့   အထွေထွေရောဂါကုဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော   ကျန်းမာရေးဝန်ထမ်းများသည်    ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့ဇိုင်းဂနိုင်း‌တောင်ပိုင်းရပ်ကွက်ရှိ  ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်အတွင်း သီတင်းသုံးနေထိုင်တော်မူကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းပြုလုပ်ပေးကြသည်။

ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပဲခူးမြို့ ခုတင်- ၅၀၀ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေတို့က ဆေးကုသမှုခံယူကြသည့် သံဃာတော်အပါး၂၀၀ ခန့်အား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ  အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက် ဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများက ချမ်းမြေ့ဇေယျာသာမဏေကျော်  တက္ကသိုလ်ကျောင်းတိုက်အတွင်းရှိ ရဟန်း၊ သာမဏေ သံဃာတော်များအား  ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးရာတွင်  အထွေထွေရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ စသည့် အထူးကုဘာသာရပ်(၃)ခုမှ  အထူးကုဆရာဝန်ကြီးများက ကုသမှုပြုလုပ်ပေးရာ သံဃာတော်အပါး   ၂၀၀ ကျော်အား ကျန်းမာရေး စစ်ဆေးကုသမှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

MWD