MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲအတွက် ရှမ်းယူနိုက်တက်အသင်း လေ့ကျင့်ပြင်ဆင်
ရန်ကုန် မေ ၁၁
လာမည့်ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲအတွက် ရှမ်းယူနိုက်တက်အသင်း လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
ရှမ်းယူနိုက်တက် ယူ-၂၀ အသင်းကို နည်းပြချုပ်အဖြစ် ဦးဟန်ဝင်းအောင်က ကိုင်တွယ်နေပြီး ကစားသမား ၃၀ ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ လက်ရှိဖွဲ့စည်းထားသည့်အသင်းတွင် ပြီးခဲ့သည့်ရာသီက ကစားခဲ့သည့် အသက်မီသောကစားသမား ၁၀ ဦးခန့် ပြန်ပါလာပြီး ကစားသမားသစ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ နည်းပြချုပ်အဖြစ် တာဝန်ယူမည့် ဦးဟန်ဝင်းအောင်သည် ရှမ်းယူနိုက်တက်စီနီယာအသင်းကို MNL အမှတ်ပေးချန်ပီယံဆု သုံးကြိမ်ရယူပေးကာ အအောင်မြင်ဆုံးနည်းပြအဖြစ် ရပ်တည်နေသူဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၄ MNL ယူ-၂၀ လိဂ်တွင် ချန်ပီယံဆုရယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၅ MNL ယူ-၂၁ လိဂ်တွင် ချန်ပီယံဆုနှင့် လွဲချော်ခဲ့သဖြင့် တစ်ကျော့ပြန်အောင်မြင်မှု ရယူနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-SUFC
MDN
