ကယားပြည်နယ်ဝန်ကြီးချုပ် နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲ တက်ရောက်
လွိုင်ကော် မေ ၁၁
၂၀၂၆ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်းရုံအမှတ် (၃)၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်ရာ သင်တန်းသားများကိုယ်စား နည်းပြနှစ်ဦးက လည်းကောင်း၊ အထက(၁) ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ကိုယ်စားလှယ်နှစ်ဦးကလည်းကောင်း လက်ခံရယူသည်။
အဆိုပါ အဆင့်မြင့်နွေရာသီ အားကစားသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၈၇ ဦးအား အားကစားနည်း ခြောက်နည်းဖြင့် မေ ၁၁ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
