မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း ကစားသမားသစ်များ ခေါ်ယူအားဖြည့်

News Image

  • မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း ကစားသမားသစ်များ ခေါ်ယူအားဖြည့်

ရန်ကုန်      မေ    ၁၁

မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည် လာမည့်ရာသီသစ်အတွက်  ပြည်တွင်းကစားသမားသစ်များ ခေါ်ယူအားဖြည့်ခဲ့သည်။

ရတနာပုံအသင်းသည် ရခိုင်ယူနိုက်တက်အသင်းမှ ဂိုးသမား ခန့်မင်းသန့်၊   Chinland အသင်းမှ  တိုက်စစ်ကစားသမား ဟိန်းသက်ဖြိုးတို့အား ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဟိန်းသက်ဖြိုးသည် Chinland အသင်းနှင့်အတူ နှစ်ရာသီဆက်တိုက် MNL-2 အမှတ်ပေးချန်ပီယံဆုရရှိခဲ့သူဖြစ်ပြီး တိုက်စစ်ပိုင်းကို အားဖြည့်ရန်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဂိုးသမား ခန့်မင်းသန့်မှာမူ ရတနာပုံအကယ်ဒမီမှ    ကစားသမားတစ်ဦးဖြစ်ပြီး    စီနီယာအသင်းသို့     ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ခန့်မင်းသန့်သည် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ   ရတနာပုံအကယ်ဒမီတွင်   လေ့ကျင့်သင်ကြားခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် ယူ-၁၉ အသင်း၊ ၂၀၂၂ ခုနှစ်တွင် ရခိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

ရတနာပုံအသင်းသည် ရာသီသစ်အတွက် ပြည်တွင်းကစားသမားများသာ ဆက်တိုက်ခေါ်ယူထားပြီး ဆွမ်လမန်၊ သက်ပိုင်ထွေး၊ ပြည့်ဖြိုးအောင် (ဂိုး)၊ သီဟထက်အောင်၊ မိုးဆွေ၊ သန်းတိုးအောင်၊ အောင်ကျော်အေး၊ ဟိန်းသက်ဖြိုးနှင့် ခန့်မင်းသန့် စုစုပေါင်း ကိုးဦးအထိ ခေါ်ယူထားသည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-YDNB FC

MDN