Glan Master Futsal League II 2025 – 2026 ပြိုင်ပွဲတွင် Galaxy FC အသင်းချန်ပီယံဆုဆွတ်ခူး
ရန်ကုန် မတ် ၉
Glan Master Futsal League II 2025 - 2026 ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်များကို ယနေ့တွင် MFF Futsal Stadium ၌ကျင်းပခဲ့ပြီး ပွဲစဉ်များ အားလုံးပြီးဆုံးချိန်တွင် Galaxy FC အသင်းသည် စုစုပေါင်းရမှတ် ၆၁ မှတ်ဖြင့် ဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားသည်။
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင့်သူက ပြိုင်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည့် ဒိုင်လူကြီးများအား အမှတ်တရဆုများပေးအပ်သည်။ ထို့နောက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးကော်မတီအဖွဲ့ဝင် ဒေါ်ဖြူဖြူသန့်ကပြိုင်ပွဲ၌ အသန့်ရှင်းဆုံးဆုရရှိသော YRG Academy FC အသင်းအား အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်သုံးသိန်းကို ပေးအပ်သည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆုရရှိသည့် 7 Brother အသင်းမှ မင်းခန့်ချစ်အား အမှတ်တရဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ငါးသိန်းအားလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ပြိုင်ပွဲတွင်အကောင်းဆုံးကစားသမားဆုရရှိသည့် Galaxy FC မှ အာကာကျော်အား အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်ငါးသိန်းကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။
ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီဦးက စတုတ္ထဆုရရှိသည့် Maryar NOKA FC အသင်းအား ဆုကြေးငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးကော်မတီဒုတိယဥက္ကဋ္ဌ ဦးဖြိုးမောင်မောင်က တတိယဆုရရှိသည့် ULAD FC အသင်းအား ဆုကြေးငွေကျပ် ၁၅ သိန်းနှင့် တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ဒုတိယဆုရရှိသည့် 7 Brother FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် သိန်း ၃၀ အားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် Century Beverage Co.,Ltd. မှ Managing Director ဦးစိုင်းဝင်းအောင်က ချန်ပီယံဆု ရရှိသည့် Galaxy FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ဆုကြေးငွေကျပ်သိန်း ၅၀ အားပေးအပ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က ချန်ပီယံဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝန်းရံခ
MWD
