ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဝါသီးနှံ ၁၃၄၆၄ ဧက စိုက်ပျိုးခဲ့ပြီး ၆၂၇၉၃၁၉ ပိဿာ ထွက်ရှိ
ကျောက်ဆည်၊ ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြို၊ မိုးနှောင်း ကာလ များတွင် ဝါသီးနှံ ၁၃၄၆၄ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၆၂၇၉၃၁၉ ပိဿာ ထွက်ရှိကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဝါသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ငွေချည်-၆၊ ငွေချည်-၉၊ ရွှေတောင်-၈ ဝါမျိုးများ အဓိကထား စိုက်ပျိုးကြပြီး မိုးကြိုရာသီ၌ ၁၀၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁ ဧက အထွက်နှုန်း ၄၅၃ဒသမ၅၀ ပိဿာ ၊ စုစုပေါင်းအထွက်နှုန်း ၄၅၃၅၀ ပိဿာ၊ မိုးရာသီ၌ ၂၉၃၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁ ဧကအထွက်နှုန်း ၄၆၅ဒသမ၀၇ ပိဿာ၊ စုစုပေါင်းအထွက်နှုန်း ၁၃၆၄၅၁၅ ပိဿာ၊ မိုးနှောင်းရာသီ၌ ၁၀၄၃၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁ဧက အထွက်နှုန်း ၄၆၆ဒသမ၈၇ ပိဿာ၊ စုစုပေါင်း အထွက်နှုန်း ၄၈၆၉၄၅၄ ပိဿာ ထွက်ရှိကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)
