ကျောက်ဆည်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ရောင်စုံပန်းချီပြိုင်ပွဲကျင်းပ

News Image

  • ကျောက်ဆည်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ရောင်စုံပန်းချီပြိုင်ပွဲကျင်းပ

ကျောက်ဆည်၊ ဇွန်-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်ခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “ကလေးများလက်ထဲက စိမ်းလန်းသောကမ္ဘာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရောင်စုံပန်းချီပြိုင်ပွဲတွင် “ရာသီဥတုကောင်းမွန်ဖို့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့”  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)