သမ္မတထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကြောင့် အမေရိကန် စတော့စျေးနှုန်းများ မြင့်တက်လာပြီး ရေနံစျေးနှုန်းများ ထိုးဆင်းသွား

News Image

  • သမ္မတထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကြောင့် အမေရိကန် စတော့စျေးနှုန်းများ မြင့်တက်လာပြီး ရေနံစျေးနှုန်းများ ထိုးဆင်းသွား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံနှင့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း ကြေညာလိုက်ပြီးနောက် အမေရိကန်စတော့စျေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့သည်။

စျေးကွက်ပိတ်ပြီးနောက်ပိုင်း အရောင်းအဝယ်ဖြစ်မှုများတွင် Dow futures သည် ၁.၅၃ ရာခိုင်နှုန်း၊ S&P 500 futures သည် ၁.၅၈ ရာခိုင်နှုန်းနှင့် Nasdaq futures သည် ၁.၆၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရေနံစိမ်းစျေးနှုန်းများ ကျဆင်းသွားခဲ့ပြီး West Texas Intermediate (WTI) ရေနံစိမ်းအညွှန်းကိန်းမှာ စျေးကွက်ပိတ်ပြီး နောက်ပိုင်း အရောင်းအဝယ်များတွင် ၁၀ ရာခိုင်နှုန်းကျော်အထိ ထိုးဆင်းသွားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂