ကျောက်ဆည်မြို့နယ် တိုက်နယ် (၃) ၌ မိုးကြိုသီးနှံမျိုးစုံ ၅၇၂၂ ဧက စိုက်ပျိုးပြီးဖြစ်

News Image

  • ကျောက်ဆည်မြို့နယ် တိုက်နယ် (၃) ၌ မိုးကြိုသီးနှံမျိုးစုံ ၅၇၂၂ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ် (၃) ၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြို ရာသီတွင် ဒေသနှင့်ကိုက်ညီသည့်သီးနှံများ မျိုးစုံစိုက်ပျိုးလျက်ရှိရာ မတ် ၃၀ ရက်နေ့ ကွင်းဆင်းစစ်ဆေး တိုင်းတာမှု များအရ မိုးကြိုသီးနှံမျိုးစုံ ၅၇၂၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။

မိုးကြိုသီးနှံစိုက်ပျိုးရာ၌ နွေစပါး ၃၅၃ ဧက၊ နွေနှမ်း ၄၀၂၈ ဧက၊ မိုးကြိုပဲတီစိမ်း ၁၃၁၁ ဧက စုစုပေါင်း ၅၆၉၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ နွေစပါး ၁၉၅ ဧက၊ နွေနှမ်း ၃၇၈၂ ဧက၊ မိုးကြိုပဲတီစိမ်း ၁၆၈၉ ဧက၊ ငရုတ်သီးနှံ စိုက်ခင်း ၃၀ ဧကနှင့် ဟင်းသီးဟင်းရွက် ၂၆ ဧက စုစုပေါင်း ၅၇၂၂ ဧက စိုက်ပျိုး ပြီးကြောင်း သိရသည်။

တိုက်နယ်(၃)၌ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနန်ကျေးရွာအုပ်စုများပါဝင်ပြီး မိုးကြိုရာသီ၌ လျာထားသီးနှံမျိုးစုံစိုက်ဧကများ ပြည့်မီ ကျော်လွန်စွာ စိုက်ပျိုး နိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေလျက် ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)