အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုများကို အီရန်စစ်တပ်က ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု အီရန်အစိုးရ ပြောကြား

News Image

  • အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟော်မုဇ်ရေလက်ကြား ဖြတ်သန်း သွားလာမှုများကို အီရန်စစ်တပ်က ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဟု အီရန်အစိုးရ ပြောကြား

အီရန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ (Supreme National Security Council) က ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး အချက် ၁၀ ချက်ပါဝင်သော အီရန်၏ အစီအစဉ်တွင် “အီရန် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပူးပေါင်းညှိနှိုင်းမှုဖြင့် ဟော်မုဇ်ရေလက်ကြားကို စနစ်တကျ ဖြတ်သန်းသွားလာရေးကဲ့သို့သော အခြေခံကျသည့်ကိစ္စရပ်များကို အလေးပေးဖော်ပြထားကြောင်း” ပါရှိသည်။

အဆိုပါလုပ်ဆောင်ချက်သည် အီရန်နိုင်ငံအား ထူးခြားသော စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်ကို ရရှိစေမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Aragachi ကလည်း အပစ်အခတ်ရပ်စဲရေး သီတင်းနှစ်ပတ်တာကာလအတွင်း ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မှုကို အီရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းခြင်း၊ နည်းပညာဆိုင်ရာကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းတို့ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် Aragachi က အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် သမ္မတ ထရမ့်အား တိုက်တွန်းခဲ့ကြသည့် ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif နှင့် ပါကစ္စတန်စစ်ဘက် အကြီးအကဲ ဗိုလ်ချုပ်ကြီး Asim Munir တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂