မော်လမြိုင်ကျွန်းမြို့နယ်တွင် ရက် (၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

News Image

  • မော်လမြိုင်ကျွန်းမြို့နယ်တွင်  ရက် (၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မော်လမြိုင်ကျွန်း  ဧပြီ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးခြင်းကို ယနေ့  နံနက် ၉ နာရီက မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အုပ်ချုပ်ရေး မှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ  ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများက အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့်‌ ကျောင်းသား‌၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အ‌ထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်‌ပေးပြီး ဇီဝဆိုင်ရာအချက်အလက်‌ ကောက်ယူခြင်းလုပ်ငန်းများကို  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ  ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရဲကျော်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းလို အပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် ( ပြန်/ဆက်)

MDN