တောင်ကြီးမြို့ရှိ နွေစပါးနှင့်ညောင်ရွှေမြို့ ရုရှားနေကြာစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

News Image

  • တောင်ကြီးမြို့ရှိ နွေစပါးနှင့်ညောင်ရွှေမြို့ ရုရှားနေကြာစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဧပြီ ၂၀

ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဧပြီ ၁၉ ရက်တွင် တောင်ကြီးမြို့နယ် ဘုရားငါးဆူကျေးရွာရှိ ချယ်ရီမြေ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းက နွေစပါးစိုက်ပျိုးထားရှိမှုနှင့် ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှင့် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ ပင်မြင့်စံငွေစုငွေချေး သမဝါယမအသင်းတို့က ရုရှားနေကြာ စိုက်ပျိုးထားရှိသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က နွေစပါးစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သတ်မှတ်စိုက်ဧကအားလုံး စိုက်ပျိုးပြီးဖြစ်၍ သွင်းအားစုမြေဩဇာများ သတ်မှတ်ရက်အတိုင်း ထည့်သွင်းခြင်း၊ ရွက်ဖျန်းမြေဩဇာများ စနစ်တကျပက်ဖျန်းခြင်းများ ဆောင်ရွက်သွားကြရန်နှင့် ရုရှားနေကြာနှင့် ပတ်သက်ပြီး ရိတ်သိမ်းချိန်ကာလ ရောက်ရှိပြီဖြစ်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ဂရုပြုဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝိုးတောင်း

MDN