မလေးရှားပြည်တွင်းသုံးလောင်စာဆီ ရုရှားနိုင်ငံမှ ဝယ်ယူမည်
ကွာလာလမ်ပူ ဧပြီ ၂၀
မလေးရှားနိုင်ငံတွင်းသုံးစွဲရန်အတွက် လောင်စာဆီများကို ရုရှားနိုင်ငံမှ ဝယ်ယူရေးအတွက် ပီထရိုနတ်စ် စွမ်းအင်လုပ်ငန်းက ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားသည်။
ရုရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ ဆက်ဆံရေးသည် ချောမွေ့လျက်ရှိသဖြင့် မိတ်ဆွေနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံမှ လောင်စာဆီများကို ဝယ်ယူရန် ပီထရိုနတ်စ်က ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း အန်ဝါ အီဘရာဟင်က ပြောကြားသည်။
မလေးရှားနိုင်ငံအနေဖြင့် အီရန်အပါအဝင် နိုင်ငံများအားလုံးနှင့် ချစ်ခင်ရင်းနှီးမှုရှိသောကြောင့် ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိပြီး ဟော်မုဇ်ရေလက်ကြားမှ မလေးရှားသင်္ဘောများ အစောဆုံးဖြတ်သန်းခွင့်ရခဲ့ကြောင်း အန်ဝါအီဘရာဟင်က ပြောကြားသည်။
ထိုကဲ့သို့ ဖြတ်သန်းခွင့်ရခဲ့ခြင်းဖြင့် နိုင်ငံ၏ စွမ်းအင်ကဏ္ဍကို ထိခိုက်မှုမရှိစေခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
MDN
