တရုတ်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း ဧပြီ ၂၃၊ ၂၅ ရက်တို့တွင် ခြေစမ်းပွဲ ထပ်မံကစားမည်

News Image

  • တရုတ်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း ဧပြီ ၂၃၊ ၂၅ ရက်တို့တွင် ခြေစမ်းပွဲ ထပ်မံကစားမည်

ရန်ကုန်   ဧပြီ   ၂၂

၂၀၂၆   အာရှဖလား   ယူ-၁၇ အမျိုးသမီးပြိုင်ပွဲအကြို  တရုတ်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၇ အမျိုးသမီး  လူငယ်လက်ရွေးစင်အသင်းသည် ဧပြီ ၂၃၊ ၂၅ ရက်တို့တွင်  ခြေစမ်းပွဲထပ်မံယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ   ယူ-၁၇  အမျိုးသမီးအသင်းသည် ဧပြီ ၁၉ ရက်မှစ၍ တရုတ်နိုင်ငံ၌   လေ့ကျင့်နေပြီး ဧပြီ ၂၀ ရက်တွင်  Suzhou ဒေသခံ အမျိုးသမီး  လူငယ်အသင်းနှင့် ခြေစမ်းပွဲကစားခဲ့သည်။ ထို့ပြင် ဧပြီ ၂၃ ရက်တွင် ဖိလစ်ပိုင် ယူ-၁၇ အသင်းနှင့်  ခြေစမ်းမည်ဖြစ်ပြီး ဧပြီ ၂၅ ရက်တွင် ၂၀၂၆ အာရှ ဖလား ယူ-၁၇ ပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်းတစ်သင်းနှင့် ထပ်မံခြေစမ်းခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။ ပြိုင်ပွဲမတိုင်မီ နောက်ဆုံးကစားသည့် ခြေစမ်းပွဲများဖြစ်သောကြောင့်   မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း၏ ခြေစမ်းပွဲရလဒ်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း သိရသည်။

၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲကို မေ ၁ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံ၌ ၁၀ရက်ကျော် ကြိုတင်လေ့ကျင့်နေခြင်းဖြစ်သည်။    

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF

MDN