ပခုက္ကူမြို့၌ မီးဘေးသတိပေး လှည့်လည်နှိုးဆော်
ပခုက္ကူ ဧပြီ ၂၆
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ညနေပိုင်းက ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံ မီးဘေးသတိပေးလှည့်လည်နှိုးဆော်ကြသည်။
ထိုသို့သတိပေးနှိုးဆော်ရာတွင် ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ၊ လမ်းမကြီးများနှင့် လူစည်ကားရာနေရာများသို့ လှည့်လည်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးယာဉ်ဖြင့် သတိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
MDN
MM-News-Category
