ပြည်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်အစားအစာနှင့် ကိုယ်ဝန်ဆောင် အားဆေးများ ပံ့ပိုးပေးအပ်
ပြည် ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ခေတ္တရာမြို့သစ်ရပ်ကွက် ဘုရင့်နောင်လမ်းမရှိ ပြည်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များသည် ဧပြီလ ၂၇ ရက်က ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်အစားအစာနှင့် ကိုယ်ဝန်ဆောင်အားဆေးများ ပံ့ပိုးပေးအပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စိုးစိုးသက်နှင့်အဖွဲ့သည် ကိုယ်ဝန်ဆောင်မိခင်များနှင့် တွေ့ဆုံကာ ကိုယ်ဝန်ဆောင် ကျန်းမာရေးနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး ကိုယ်ဝန်ဆောင် ၁၅ ဦးအတွက် တစ်ဦးလျှင် ကြက်ဥ၊ ဆီ၊ ဆား၊ ငှက်ပျောသီး၊ ကိုယ်ဝန်ဆောင်အားဆေးနှင့် ငွေကျပ် ၅၀၀၀ဝ စီတို့ကို ပံ့ပိုးပေးအပ်သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့သည် သားဖွားခန်းအတွင်း လှည့်လည်ကြည့်ရှုပြီး မွေးဖွားပြီးမိခင်နှစ်ဦးနှင့် မွေးဖွားမည့် မိခင်တစ်ဦးတို့အား ကြက်ဥ၊ ဆီ၊ ဆား၊ ငှက်ပျောသီးနှင့် ငွေကျပ် ၅၀၀၀ဝ စီတို့ကို ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
MWD
