ဘာစီလိုနာတိုက်စစ်ကစားသမား လီဝန်ဒေါစကီး ရာသီအကုန်တွင် ထွက်ခွာဖွယ်ရှိ
ဘာစီလိုနာ — အသင်း၏ ဝါရင့်တိုက်စစ်ကစားသမား ရောဘတ် လီဝန်ဒေါစကီးသည် ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ်ရှိကြောင်း သိရသည်။
အသက် ၃၇ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးသည် ၂၀၂၂ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အစောပိုင်းရာသီများတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုရာသီတွင် အသက်အရွယ်အရ ရုန်းကန်နေရပြီး ဂိုးသွင်းအားလည်း သိသာစွာ ကျဆင်းလာသည်။
ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲစုံ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီတွင် ၁၇ ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သူ၏ဂိုးသွင်းစွမ်းရည် ကျဆင်းလာမှုကို ထင်ဟပ်စေသည်။
အစောပိုင်းတွင် လီဝန်ဒေါစကီးနှင့် ဘာစီလိုနာအသင်းတို့ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်ခဲ့သော်လည်း အသင်းဘက်မှ လုပ်ခလစာမြင့်မားမှုကြောင့် နောက်ပိုင်းတွင် အစီအစဉ်ကို ပြန်လည်ပြင်ဆင်ပြီး ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
လီဝန်ဒေါစကီးကိုယ်တိုင်လည်း အသင်းဘက်မှ သက်တမ်းတိုးကိစ္စ ကြန့်ကြာနေခြင်းကြောင့် ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြထားသည်။ သူသည် ဘာစီလိုနာအတွက် လေးရာသီအတွင်း ပြိုင်ပွဲစုံ ၁၈၈ ပွဲကစားကာ ၁၁၈ ဂိုး သွင်းယူထားသည်။
ဘာစီလိုနာအသင်းအနေဖြင့် လီဝန်ဒေါစကီး၏နေရာကို အစားထိုးရန် လာမည့်နွေရာသီတွင် အက်သလက်တီကိုမက်ဒရစ်မှ အယ်ဗာရက်ဇ်နှင့် ဂျူဗင်တပ်စ်မှ ဒူဆန် ဗလာဟိုဗစ်ချ်တို့ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
MWD
