လူကာမိုဒရစ် ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားတွင် ပါဝင်နိုင်မည်

News Image

  • လူကာမိုဒရစ် ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားတွင် ပါဝင်နိုင်မည်

မီလန် — အေစီမီလန်အသင်း၏ ဝါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်သည် ဂျူဗင်တပ်စ်အသင်းနှင့် ကစားသည့် ပွဲစဉ်တွင် ရရှိခဲ့သော ပါးရိုးကျိုးဒဏ်ရာကြောင့် ယခုဘောလုံးရာသီကုန်အထိ အနားယူရမည်ဖြစ်သော်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းနှင့်အတူ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် မိနစ် ၈၀ ခန့်၌ ပြိုင်ဘက်ကစားသမား လိုကာတယ်လီနှင့် ထိခိုက်မိပြီးနောက် ပါးရိုးကျိုးဒဏ်ရာရရှိခဲ့ကာ ဆက်လက်ကစားနိုင်ခြင်းမရှိသဖြင့် လူစားလဲထွက်ခွာခဲ့ရသည်။

အေစီမီလန်အသင်း ဆေးအဖွဲ့၏ စစ်ဆေးမှုများအရ ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် ရာသီကုန်အထိ အနားယူရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနိုင်မည်ဖြစ်ကြောင်းနှင့် မျက်နှာအကာအကွယ်အသုံးပြု၍ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လူကာမိုဒရစ်သည် ၂၀၂၆ ကမ္ဘာ့ဖလားကို ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ဆုံးအဓိကပြိုင်ပွဲအဖြစ် ပါဝင်ဖွယ်ရှိပြီး ခရိုအေးရှားအသင်းအတွက်လည်း အတွေ့အကြုံအရ အရေးပါသည့် ကစားသမားတစ်ဦးအဖြစ် ရှိနေသည်။

သူသည် ခရိုအေးရှားအသင်းနှင့်အတူ ၂၀၀၆ ခုနှစ်မှစတင်ကာ နိုင်ငံတကာပွဲစဉ်များတွင် ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၁၉၆ ပွဲတွင် ၂၉ ဂိုး သွင်းယူထားကာ အသင်းသမိုင်းတွင် ပွဲအများဆုံးကစားထားသည့် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေကြောင်း သိရသည်။

MWD