မြိတ်မြို့ သားဖွား သင်တန်းကျောင်း၌ ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူများအား  ဦးဆောင်း အပ်နှင်းပွဲကျင်းပ

News Image

  • မြိတ်မြို့ သားဖွား သင်တန်းကျောင်း၌ ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူများအား  ဦးဆောင်း အပ်နှင်းပွဲကျင်းပ

မြိတ်    ဧပြီ   ၂၈

      တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန သားဖွားသင်တန်းကျောင်း၌ ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူများအား ဦးဆောင်းအပ်နှင်း ပွဲကို ဧပြီလ ၂၇ ရက်က ကျင်းပသည်။

ရှေးဦးစွာ ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယု မော်က ဦးဆောင်းပေးအပ်ခြင်း၏ အနက် အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူ ၅၇ ဦးအား ကျောင်းအုပ်၊ သူနာပြုအုပ်နှင့် တာဝန်ခံသူနာပြုဆရာမ ကြီးများက ဦးဆောင်းများ အသီးသီးချီးမြှင့် ပေးအပ်သည်။

ဆက်လက်၍ သင်တန်းသူများက လက်ဆင့်ကမ်း ဆီမီးတိုင်များကို ထွန်းညှိ၍ သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြကာ ပထမနှစ် ဘက်စုံသားဖွားဒီပလိုမာ သင်တန်းသူများက ကရုဏာအလင်း သီချင်းဖြင့်သီဆိုဂုဏ်ပြု၍ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး  ဒုတိယ နှစ်    ဘက်စုံသားဖွားဒီပလိုမာသင်တန်း သူများက ပြည်သူချစ်တဲ့  သားဖွားဆရာမများ သီချင်းဖြင့်    သီဆိုဂုဏ်ပြုကြကြောင်း သိရသည်။

MWD