နယူးယောက်မြို့တွင် စာအုပ်တစ်အုပ်ပင်မရှိသော ကမ္ဘာ့ပထမဆုံး စာအုပ်မဲ့စာအုပ်ဆိုင်ဖွင့်လှစ်

News Image

  • နယူးယောက်မြို့တွင် စာအုပ်တစ်အုပ်ပင်မရှိသော ကမ္ဘာ့ပထမဆုံး စာအုပ်မဲ့စာအုပ်ဆိုင်ဖွင့်လှစ်

      အသံစာအုပ်လုပ်ငန်းတစ်ခုဖြစ်သည့် Audible ကုမ္ပဏီက စာအုပ်တစ်အုပ်ပင်မရှိသော ကမ္ဘာ့ပထမဆုံး စာအုပ်မဲ့စာအုပ်ဆိုင်ကို နယူးယောက်မြို့၌ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။  မန်ဟက်တန်အရှေ့ဘက်ခြမ်းတွင် ဖွင့်လှစ်သည့် အဆိုပါစာအုပ်ဆိုင်၌ စာရွက်စာအုပ်များကို စီရီထားခြင်းမရှိဘဲ အသံဖြင့်စာအုပ်ဖတ်ပြခြင်း အတတ်ပညာကို     အသက်ဝင်စေရန်  ရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။

Audible Story House ဟု အမည်ပေးထားသည့် အဆိုပါစာအုပ်ဆိုင်တွင် story tiles ဟုခေါ်သော အသံစာအုပ်   တက်ဘလက်များကို စင်ပေါ်၌ခင်းကျင်းထားပြီး နားကြပ်များဖြင့်နားဆင်နိုင်ရန် စီစဉ်ထားသည်။ အသံစာအုပ်ထုတ်ဝေသူများ အသင်း၏ အချက်အလက်များအရ အမေရိကန်၌ အသံစာအုပ်ရောင်းအားမှာ ၂၀၂၄ ခုနှစ်အတွင်း  ဒေါ်လာ ၂ ဒသမ ၂၂ ဘီလီယံအထိ ရှိပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်း နှစ်ဆနီးပါးတိုးတက်လာခြင်းဖြစ်သည်။

စာအုပ်ဆိုင်အတွင်း၌ နားကြပ်မလိုဘဲ နားဆင်နိုင်သည့်အခန်းများအပြင် နားဆင်သူများ၏ ဝါသနာနှင့်ကိုက်ညီမည့် အသံစာအုပ်များကို အကြံပြုပေးမည့် "Listening Bar" လည်းပါဝင်ကာ အသံစာအုပ်ယဉ်ကျေးမှုကို လူမှုအသိုင်းအဝိုင်းအတွင်း လက်တွေ့ထိတွေ့နိုင်သည့် အတွေ့အကြုံအသစ်ဖြစ်လာမည်ဖြစ်သည်။

MWD