တိုင်းဒေသကြီးသမဝါယမဦးစီးဌာနက သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံ

News Image

  • တိုင်းဒေသကြီးသမဝါယမဦးစီးဌာနက သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံ

ဟင်္သာတ မေ ၃

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် မေ ၂ ရက်က ဟင်္သာတမြို့နယ်ရှိ ခေါင်းဆေးကျွန်းစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများအား အသင်းပိုင် ကိုင်းမြေဧက ၆၃ ဒသမ ၅ ဧကမှ မြေပဲ၊ ပဲပုပ်နှင့်စားဖိုဆောင်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အသင်းသားတောင်များ၏ မျိုးနှင့်သွင်းအားစု လိုအပ်ချက်များ ပံ့ပိုးနိုင်ရေး စာရင်းပြုစုညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ရွာသာလက္ခုပင်ကျေးရွာရှိ ရွာသာလက္ခုပင် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး မျိုးကောင်း မျိုးသန့် အသုံးပြုနိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးပြောကြားကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ လူမှုစီးပွား (သက်တန့်ရောင်) စီမံကိန်းဆောင်ရွက်မည့် အသင်းသား ခုနစ်ဦးတို့၏ လယ်ဧက ၅၀ အတွက် တစ်ဧကလျှင် သုည ဒသမ ၂၈၈ သန်းတန်ဖိုးရှိ မျိုးနှင့် သွင်းအားစုဖိုးအတွက် ပံ့ပိုးစရိတ် ၁၄ ဒသမ ၄ သန်းတို့ကို မိုးစပါးအချိန်မီ စိုက်ပျိုးချိန်တွင် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

MDN