ကျိုက်ထိုမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

News Image

  • ကျိုက်ထိုမြို့နယ်၌ အန္တရာယ်ကင်းပရိတ်တော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

ကျိုက်ထို မေ ၃

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်း ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်‌တော်များ ရွတ်ဖတ်ကြသည်။

 

ထိုသို့ ရွတ်ဖတ်ပူ‌ဇော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲညွန့်‌ထွေး၏ ဦးဆောင်မှုဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပရိတ်‌တော်များရွတ်ဖတ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌လည်း လှည့်လည်ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။

 

ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနသည် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံး ရေကန်များနှင့် ရေရှားပါးရာနေရာများသို့ သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခြင်း၊ ဘုရား‌၊ ကျောင်းကန်များအား ရေသပ္ပာယ်ခြင်း၊ သန့်ရှင်း‌ရေးပြုလုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)

MDN