ပုလောမြို့နယ်၌ ရော်ဘာမိုးကာအုပ် အစေးလှီးပညာပေး သင်တန်းဖွင့်လှစ်
ပုလော မေ ၃
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ရော်ဘာအထွက်နှုန်း တိုးတက်မြင့်မားရေး ရော်ဘာမိုးကာအုပ် အစေးလှီးပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ပုလောမြို့နယ် မကျည်းကုန်းကျေးရွာရှိ ခြံရှင် ဦးတင်ရှိန်၏ ရော်ဘာခြံ၌ ဆောင်ရွက်သည်။
အဆိုပါ ရော်ဘာမိုးကာအုပ် အစေးလှီး ပညာပေးသင်တန်းကို ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသော် ဇင်ထွန်းက ရော်ဘာမိုးကာအုပ် တပ်ဆင် အသုံးပြုခြင်းဖြင့် ရော်ဘာ အစေးလှီးရက် ပိုမိုရရှိစေပြီး ရော်ဘာအထွက်နှုန်း တိုးတက်ကောင်းမွန်ကြောင်း၊ ကုန်ကျ စရိတ်နှင့် အကျိုးအမြတ်များကြောင်း ဆွေးနွေးခဲ့သည်။
လက်တွေ့သင်ကြားပေး
ဆက်လက်၍ မြို့နယ်ဦးစီးမှူးက ရော်ဘာခြံလုပ်ငန်းရှင်များအား ရော်ဘာပင်များကို မိုးကာအုပ် တပ်ဆင်ခြင်းနှင့် အစေးလှီးခြင်းအား လက်တွေ့သင်ကြား ပေးသည်။ အဆိုပါသင်တန်းကို ပုလော မြို့နယ် မကျည်းကုန်းကျေးရွာရှိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူ ၃၅ ဦး တက်ရောက် လေ့လာသင်ယူခဲ့ကြောင်း သိရသည်။
ပုလော(ပြန်/ဆက်)
MWD
