ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီများအား ကျေးရွာအရောက် ရောင်းချပေး
ကျောက်ဆည် မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားအုန်းဆီဝယ်ယူသုံးစွဲရာ၌ အခက်အခဲမရှိစေရေး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် အိမ်ထောင်စုတစ်စုအတွက် စားအုန်းဆီ ၂ ပိဿာနှုန်းဖြင့် ကျေးရွာများအရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များဖြစ်သည့် ဦးတင်လင်းအောင် (အမေထွား) ဆီအရောင်းဆိုင်မှ သင်္ဂတုံ၊ ဒွေးလှကျေးရွာ ပြည်သူများအား စားအုန်းဆီ ၃၃၀ ပိဿာ၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ တုံလုံကျေးရွာပြည်သူများအား စားအုန်းဆီ ၁၁၀ ပိဿာ၊ ဦးနန်းဦး (နဒီဧရာ) ဆီအရောင်းဆိုင်မှ အုန်းချော၊ ကုန်းသာ၊ ဆင်ဖြူ၊ ရွာသာရွာပြည်သူများအား စားအုန်းဆီ ၄၄၀ ပိဿာ တို့အား တစ်ပိဿာလျှင် ငွေ ၈၂၆၀ ကျပ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထက်ထက် (ကျောက်ဆည်)
