အစ္စရေးတပ်ဖွဲ့ဝင်များ ‌လက်ဘနွန်နိုင်ငံ၌ စစ်ဆင်ရေးဆောင်ရွက်

News Image

  • အစ္စရေးတပ်ဖွဲ့ဝင်များ ‌လက်ဘနွန်နိုင်ငံ၌ စစ်ဆင်ရေးဆောင်ရွက်

ဂျေရုဆလင်   မေ    ၁၂

အစ္စရေးတပ်ဖွဲ့ဝင်များသည် လက်ဘနွန်နိုင်ငံရှိ လီတာနီမြစ်ကို ဖြတ်ကူးလာပြီးနောက် အစ္စရေး နယ်စပ်အနီး ၁၀ ကီလိုမီတာအကွာအဝေးတွင်  တည်ရှိသည့်ဒေသ၌  စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ကြောင်း  အစ္စရေးတပ်ဖွဲ့က  မေ  ၁၂  ရက်တွင် ပြောကြားသည်။

အဆိုပါမြစ်အား ကြည်းတပ် တပ်ဖွဲ့များ   ဖြတ်ကူးလာပြီး တင့်ကားများဖြင့် စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း ရုပ်မြင်သံကြားမှတ်တမ်းများနှင့် ဓာတ်ပုံများအရ သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂိုလန်တပ်မမှ တပ်ဖွဲ့များသည် လီတာနီဒေသအတွင်း ဟဇ်ဘိုလာများနှင့် အနီးကပ်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။  ၎င်းစစ်ဆင်ရေးအတွက် အစ္စရေးလေတပ်မှ ဒေသအတွင်းရှိ နေရာ ၁၀၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် မြေပြင်တပ်ဖွဲ့များအား အကူအညီပေးခဲ့ကြောင်းနှင့် မြေအောက်ရှိ ဟဇ်ဘိုလာအဖွဲ့၏ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန် စက်ရုပ်များအကူအညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။

အစ္စရေးတပ်ဖွဲ့ဝင်များက  ဟဇ်ဘိုလာအဖွဲ့ဝင်များအား ချေမှုန်းနိုင်ခဲ့ပြီး  ၎င်းတို့၏ ဥမင်များ၊ လက်နက်သိုလှောင်ရာနေရာများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အနည်းဆုံး ဒေသခံ ၂၈၈၂  ဦး  သေဆုံးပြီး ၈၇၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ

MDN