ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပထမပွဲတွင် မြန်မာအသင်းအနိုင်ရ
ရန်ကုန် မေ ၁၆
၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲများကို မေလ ၁၆ ရက်က မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့၌ စတင်ကျင်းပရာ မြန်မာအသင်း အဖွင့်ပွဲတွင် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် သုံးယောက်တွဲပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၅-၄ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၈ မှတ်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင်ပါဝင် သည့် ပြိုင်ပွဲအမျိုးအစားသုံးမျိုးစလုံး ယှဉ်ပြိုင်နေပြီး သုံးယောက်တွဲပြိုင်ပွဲ တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ လေးယောက်တွဲပြိုင်ပွဲတွင် တရုတ်၊ ဘရူနိုင်း အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက် နေသည်။
အုပ်စုဒုတိယနေ့ကို မေလ ၁၇ ရက် (ယနေ့)တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲအဖြစ် မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ဘရူနိုင်းအသင်း၊ သုံးယောက်တွဲ ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲအဖြစ် မြန်မာ စံတော်ချိန် နံနက် ၉ နာရီတွင် ဗီယက်နမ် အသင်း၊ မြန်မာစံတော်ချိန် ည ၆ နာရီခွဲ တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။
MWD
