ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး
ရန်ကုန် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီး ဦးဆောင်၍ မေလ ၁၆ ရက်က ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံကြီး ၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း ဆေးကုသမှုအစီအစဉ်ဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအတွက် ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ရူပါစိုးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မျက်စိရောဂါ၊ အထွေထွေရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရေပြားရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ ခွဲစိတ်၊ သွားနှင့်ခံတွင်းရောဂါနှင့် အကြောအဆစ်ရောဂါ စသည့်ရောဂါများအလိုက် လာရောက်ပြသကြသော ရပ်ကွက်/ ကျေးရွာနေပြည်သူ စုစုပေါင်း ၄၃၂ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆေးကုသမှုများ အဆင်ပြေ စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးအေးဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ မြို့နယ်ကုသရေး ဦးစီးဌာနဦးစီးမှူး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
MWD
