မင်းဘူး(စကု)မြို့နယ်၌ ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေး သီးနှံမျိုးစေ့များပေးအပ်

News Image

  • မင်းဘူး(စကု)မြို့နယ်၌ ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေး သီးနှံမျိုးစေ့များပေးအပ်

မင်းဘူး မေ ၁၇

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးလျက်ရှိသော အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး သီးနှံမျိုးစေ့များ ပေးအပ်ပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးလင်းက သီးနှံမျိုးစေ့များပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး တာဝန်ရှိသူများက တောင်သူများအတွက် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါသီးနှံနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာပြုလုပ်မည့် ပိုက်ဆံလျှော် သီးနှံမျိုးစေ့များအပြင် မြို့နယ်အတွင်း စမ်းသပ်စိုက်ပျိုးမည့် မြေနိမ့်ကော်ဖီပျိုးပင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

MDN