ကျိုင်းတုံမြို့၌ နွေစပါးစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

News Image

  • ကျိုင်းတုံမြို့၌ နွေစပါးစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ကျိုင်းတုံ မေ ၁၇

 

သမဝါယမဦးစီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာရှိ မိုင်းဇင်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းကို မေ ၁၇ ရက်တွင် ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် သမဝါယမကဏ္ဍမှ ရက်(၁၀၀)စီမံချက်ဖြင့် နွေစပါးစိုက်ပျိုးရာတွင် စနစ်ကျသောစိုက်ပျိုးရေးဖြစ်စေရန်နှင့် သွင်းအားစုများသတ်မှတ်ရက်အတိုင်း အချိန်ကိုက်ကျွေးရန် လိုအပ်ကြောင်း ငွေကြေးအရင်းအနှီးများရရှိရေးအတွက်လည်း သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝိုးတောင်း

MDN