ပင်းတယမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်

News Image

  • ပင်းတယမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်

ပင်းတယ မေ ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံး အစည်းအဝေးခန်းမ(၁)၌ မေ ၁၄ ရက်က ကျင်းပသည်။

 

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် (စီးပွား/ဘဏ္ဍာ) ဦးဟိန်းထက်ဇော်က အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ကြသည်။

 

အဆိုပါစိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် တောင်သူစုစုပေါင်း ၁၄၅၁ ဦးအတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)

MDN