တိုက်ကြီးမြို့နယ်၌ သဘာဝမြေဩဇာထုတ်လုပ်အသုံးပြုနည်း သရုပ်ပြ
ရန်ကုန် မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက သဘာဝမြေဩဇာပြုလုပ်သည့်ကန်တွင် ပြောင်းဖူးရိုး၊ ဗေဒါနှင့် နွားချေးတို့အား ကုန်ကြမ်းအဖြစ် စုဆောင်းထားရှိပြီး သဘာဝမြေဩဇာ ထုတ်လုပ်သည့်နည်းပညာကို တောင်သူများအား ပညာပေးသရုပ်ပြသခြင်းကို ယမန်နေ့က တိုက်ကြီးမြို့ အမှတ်(၇၇) စက်မှုလယ်ယာစခန်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းငွေက ကာဗွန်နှင့်နိုက်ထရိုဂျင် အခြေခံသည့် ပါဝင်ပစ္စည်းကုန်ကြမ်းများကို သင့်တော်သောအချိုးအစားဖြင့် အလွှာအလိုက် ထည့်သွင်းနိုင်ရေး၊ မြေဆွေးပုံအတွင်းရှိ အကျိုးပြုပိုးမွှားများ ကောင်းစွာရှင်သန်နိုင်စေရေးအတွက် အောက်ဆီဂျင်နှင့် အစိုဓာတ်များ မျှတစွာရရှိအောင် လေသွင်းပိုက်လိုင်းများ Blower များဖြင့် တည်ဆောက်ထားသော စနစ်တစ်ခုဖြစ်ကြောင်း ပြောကြားပြီး သဘာဝမြေဩဇာထုတ်လုပ်သည့် နည်းပညာကို တောင်သူများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
MDN
