ပါကစ္စတန်နိုင်ငံ၌ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးလုပ်ငန်းဆောင်ရွက်

News Image

  • ပါကစ္စတန်နိုင်ငံ၌ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေးလုပ်ငန်းဆောင်ရွက်

အစ္စလာမ္မာဘတ်    မေ    ၁၈

ပါကစ္စတန်နိုင်ငံ၌ အသက်ငါးနှစ်အောက် ကလေး ၁၉ သန်းကို ရည်ရွယ်သည့် ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ရောဂါဖြစ်ပွားမှုများပြားနေသည့် ဒေသ ၇၉ ခုတွင်   ဆောင်ရွက်ခဲ့ကြောင်း  တာဝန်ရှိသူများက မေ ၁၈ ရက်တွင် ပြောကြားသည်။

မေ ၁၈ ရက်မှ ၂၄ ရက်အတွင်းဆောင်ရွက်မည့် ကာကွယ်ဆေးတိုက်ကျွေးမည့် အစီအစဉ်ကို အမျိုးသားပိုလီယိုရောဂါကာကွယ်ရေး အရေးပေါ်လုပ်ငန်းစင်တာက  ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် ကျန်းမာရေးလုပ်သား ၁၆၀၀၀၀ က တစ်အိမ်တက်ဆင်းလိုက်လံ၍ ကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   ပြောကြားသည်။  မြို့တော်  အစ္စလာမ္မာဘတ်နှင့် ပြည်နယ်လေးခုတွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးသည့်  အစီအစဉ်များဆောင်ရွက်မည်ဖြစ်ကြောင်း  သိရသည်။

ပါကစ္စတန်နိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိခဲ့ပြီး ၂၀၂၅  ခုနှစ်တွင်  ရောဂါဖြစ်ပွားသူ ၃၁ ဦးသာ ရှိခဲ့သည်။  နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုနည်းပါးနေသော်လည်း အချို့ဒေသများတွင် ရောဂါကူးစက်မှုများထပ်မံ တွေ့ရှိရသဖြင့် ကာကွယ်ဆေးတိုက်ကျွေးရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ပါကစ္စတန်နိုင်ငံတွင်   ပိုလီယိုရောဂါတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင်   အောင်မြင်မှုများ ရရှိနေသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ

MDN