အီတလီအိုးပင်းဖလား ကမ္ဘာ့အဆင့် ၁ ဆင်းနား ဆွတ်ခူး

News Image

  • အီတလီအိုးပင်းဖလား ကမ္ဘာ့အဆင့် ၁ ဆင်းနား ဆွတ်ခူး

အီတလီအိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို မေ ၁၇ ရက်က ကျင်းပခဲ့ရာ ကမ္ဘာ့အအဆင့် ၁  အီတလီတင်းနစ်အကျော်အမော် ဂျန်းနစ်ဆင်းနားက နော်ဝေတင်းနစ် အကျော်အမော် ကပ်စပါရုဒ် ကို ၆- ၄၊ ၆ - ၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ဆင်းနားသည် ကပ်စပါရုဒ်ကို အနိုင်ယူရန် အချိန်တစ်နာရီနှင့် ၄၅ မိနစ်ကြာ  ယှဉ်ပြိုင်ခဲ့ရသည်။ ၎င်းသည် ယခုနိုင်ပွဲကြောင့် နိုဗက်ဂျိုကိုဗစ်ပြီးနောက် ATP Masters 1000 ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်သည့် ဒုတိယ​မြောက်တင်းနစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ဆင်းနားသည် Masters 1000 အဆင့်ရှိ ပြိုင်ပွဲများတွင် ခြောက်ကြိမ်ဆက်တိုက်ဖလား ဆွတ်ခူးနိုင်သည့် တင်းနစ်ကစားသမားအဖြစ်လည်း  မှတ်တမ်းဝင်ခဲ့သည်။  ၁၉၇၆  ခုနှစ်​မှ စတင်ကာ အီတလီအိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးနိုင်သည့် ပထမဆုံး အီတလီတင်းနစ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။  ကပ်စပါရုဒ်သည်   ပြိုင်ပွဲတစ်လျှောက်တွင်  လီဟက်ကာ၊ မူဆက်တီ၊ ခါချာနော့ဗ်၊ ဒါဒါရီတို့ကို အဆင့်ဆင့်ကျော်ဖြတ်ကာ ဗိုလ်လုပွဲ တက်လှမ်းလာသော်လည်း ဆင်းနားကို ရှုံးနိမ့်သည့်အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့သည်။

အောင်ဇော်

MDN